Chapter (42)

5K 813 24
                                    

Zawgyi

ရှန်ယန်း၏အဆင့်က၂၃၀တွင်ရှိနေပြီးမှ လျင်မြန်သောနှုန်းများနှင့် သူမရှေ့ကလူများကို ကျော်တက်သွားခဲ့ပြီ ။

လူအုပ်ကြီးက ယှဉ်ပြိုင်သူတွေရဲ့နာမည်တွေ တစ်ဦးကိုတစ်ဦးကျော်တက်ပြီးလှုပ်ရှားနေတာကိုကြည့်ရင်း အသက်ရှူဖို့တောင်မေ့လျှော့နေကြတယ် ။

190, 130, 100!

သူမရဲ့အဆင့်က လျင်မြန်စွာနှင့် မြင့်တက်နေဆဲပဲ!!!

ရှန်ယန်းရဲ့အဆင့်က ၁၀၀ သို့ရောက်ရှိနေသော်လည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အနည်းငယ်နှေးသွားပေမဲ့ ရပ်တန့်သွားခြင်းတော့မရှိသေးဘူး။

စီစဉ်တင်ဆက်သူက စိတ်လှုပ်ရှားစွာအော်လိုက်တယ်။

" ဒါကတော့ ဂိမ်းရဲ့ရိုးရှင်းတဲ့ကံတရားပါပဲ ...ဆယ်မိနစ်...ရှန်ယန်းက အချိန်ဆယ်မိနစ်တည်းနဲ့ (98)အထိရောက်ရှိသွားပါပြီ ...မဟုတ်ဘူး (95)!!!"

ရှန်ယန်းက ဒီနေ့တွင်အဝါနုရောင်ဝတ်စုံကိုဝတ်ဆင်လာကာသူမအတွက်သတ်မှတ်ထားတဲ့ထိုင်ခုံမှာထိုင်နေခဲ့တယ်။ သူမရဲ့ရှည်လျားတဲ့ခြေထောက်များကိုကွေးထားပြီး တံတောင်ဆစ်တွေက ဒူးဆစ်ပေါ်မှာထောက်ထားကာ ဖန်သားပြင်ကြီးကိုကြည့်နေလေတယ် ။

သူမမျက်လုံးများကတောက်ပနေသော်လည်းပဲ စိတ်လှုပ်ရှားခြင်းတွေ တုန်လှုပ်ခြင်းတွေရှိမနေဘဲ သူမမျက်လုံးတွေပေါ်မှာ အရည်ကြည်တွေနှင့်တောက်ပနေသလိုပဲ။

နောက်ကျတဲ့ပြိုင်ပွဲဝင်များရဲ့ မဲအရေအတွက်က အရမ်းကိုနည်းသွားပြီး ကွာခြားခြင်းသိပ်မရှိကြဘူး ။ ဒါပေမဲ့ ပထမဆံးယှဉ်ပြိုင်သူ အတွက်ကတော့ ယခင်သူတို့တွေတွေးထားတဲ့ မဲအများကြီးရရှိလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်နှင့် အရမ်းကိုကွာခြားသွားပြီ။

ရှန်ယန်းရဲ့နာမည်က အဆင့်တက်နေဆဲဖြစ်ပေမဲ့လည်း ပို၍နှေးလာခဲ့တယ် ။

ရှန်ယန်းအတွက်ကတော့ သူမအနေနဲ့ လူရွေးပွဲရဲ့ပထမအဆင့် ကိုအောင်မြင်ပြီးသားဖြစ်သွားပြီ ။ သူမရဲ့ရှေ့ကပြီးခဲ့တဲ့ တင်ဆက်သူတွေကိုကျော်တက်သွားပြီးကတည်းက သူမအတွက်အရွေးခံရဖို့လုံလောက်သွားပြီပဲဖြစ်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now