Chapter (20)

6.9K 1K 13
                                    

Zawgyi

ကျဆင်းသွားပြီ ... ရှယ်ယာဈေးကွက်က ကျဆင်းသွားပြီဟုတ်လား ?

ရိုက်ကွင်းထဲမှာရှိနေတဲ့လူတိုင်းက Shen Yan နဲ့ လက်ထောက်ဒါရိုက်တာကို စာနာထောက်ထားတဲ့မျက်ဝန်းတွေနဲ့ကြည့်လာကြတယ် ။ အဲဒီလူနှစ်ယောက်က ချန်လုပ်ငန်းစုရဲ့ရှယ်ယာတွေကိ အင်တိုက်အားတိုက်ဝယ်ခဲ့ကြတယ်လေ။

Li Junရဲ့မျက်နှာက စိတ်တိုနေတဲ့ပုံပဲ။ သူက Shen Yanဟာကံမကောင်းတတ်ဘူးဆိုတာကိုသိနေပေမယ့် ဘယ်သူကကြိုသိမှာတဲ့တုန်း ။ သူမက ကံမကောင်းရုံတင်မဟုတ်ပဲ ဆိုးဆိုးဝါးဝါးကိုကံဆိုးနေခဲ့တာလေ။

ရှယ်ယာတွေဝယ်လိုက်တာကရက်အနည်းငယ်ပဲရှိသေးတယ်လေ ။ ဒါပေမယ့် လျှင်မြန်စွာနဲ့ဆုံးရှုံးလိုက်ရပြီ။

လက်ထောက်ဒါရိုက်တာက အဲဒီရှယ်ယာတွေက အရှုံးပေါ်မယ်ဆိုတာသိပြီးသားပါပဲ ။ ဒါကြောင့် သူကအဲဒီစကားကိုကြားလိုက်တဲ့အချိန်မှာ Shen Yanကို အပြုံးလေးနဲ့ကြည့်လာတယ်။

ဆိုလိုတာကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးတွေးမနေနဲ့တော့ ။ ဒီကနေမြန်မြန်လေးထွက်ပြေးတော့။

တကယ်လို့သူမသာမပြေးခဲ့ဘူးဆိုရင် He Hanဆီကနေအနိုင်ကျင့်ခံရလိမ့်မယ်။

Shen Yan ကသူမရဲ့ဖုန်းကို လက်ချောင်းတွေနဲ့ပွတ်သတ်ဆွဲနေပြီး နောက်ဆုံးထုတ်ပြန်တဲ့ရှယ်ယာဈေးကွက်ကိုကြည့်လိုက်တယ်။ နောက်တော့ သူမက ဘယ်ကိုမှရွေ့လျားခြင်းမရှိဘဲ အဲဒီနေရာမှပဲမတ်တပ်ရပ်နေတယ်။

Li Jun က စပီကာကိုကောက်ယုပြီးအော်လိုက်တယ်

"ဆက်ရိုက်မယ် "

ရှုတင်းထဲကိုအော်ဟစ်ပြီးပြေးလာတဲ့ Li San ကတော့ လဲပြိုကျသွားတယ်။ သူက Shen Yan ဟာ He Hanကိုမနာလိုဖြစ်နေတာလို့စွပ်စွဲခဲ့ပြီး ပိုက်ဆံဝင်မယ့်လမ်းကိုတားဆီးခဲ့မိတယ်။

သူဟာ ရိုက်ကွင်းထဲမှာပဲ ယိုင်နဲ့ထိုင်ကျသွားပြီး ထိတ်လန့်တုန်လှုပ်စွာနဲ့ငိုကြွေးနေခဲ့တယ်။

" အဲဒါက ကျဆင်းသွားပြီ.. ရှုံးနိမ့်သွားပြီ "

Li Jun ကဒေါသတကြီးပြောလိုက်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now