chapter (5)

8.4K 1.2K 12
                                    

Zawgyi

Shen Yan နဲ့ဖုန်းပြောပြီးတဲ့အချိန်မှာပဲ Zhou Ruo တစ်ယောက် HE Han ရဲ့ခေါ်သံကိုကြားလိုက်ရတယ်။ Zhou Ruo ရဲ့ပြန်ပြောတဲ့လေသံကတော့ Shen Yan နဲ့စကားပြောနေတုန်းကနဲ့ ကွာခြားခြင်းမရှိဘူး။

Zhou Ruo က အမြဲတမ်း အဲဒီအတိုင်းပဲ ။ သူသဘောကျတဲ့အနုပညာရှင်တွေကလွဲရင် ကျန်တဲ့သူတွေကို အဲဒီပုံစံအတိုင်းပဲပြုမူဆက်ဆံတတ်လေ့ရှိတယ်။ နောက်ဆုံးမှာတော့ သူမရဲ့လက်အောက်မှာ ဒါဇင်မကတဲ့အနုပညာရှင်တွေရှိနေတာပဲလေ။

Shen Yan က သူမရဲ့အဝတ်အစားတွေကို ပြန်ပြီးလှဲလှယ်ခဲ့သေးတာကြောင့် He Han က သူမထက်အရင်စောပြီး ကုမ္ပဏီကိုရောက်ရှိနေခဲ့တာဖြစ်တယ်။

"အစ်မ Zhou .. ကျွန်မ audition အောင်တယ် "

He Han ကအပြုံးတစ်ပွင့်နဲ့ပြောလိုက်တယ်။

"Audition အောင်လာတယ် ... အဲတာက ' Chen Fei ' ဇာတ်လမ်းအတွက်လား ?? "

Zhou Ruo ကချီးကျူးဂုဏ်ပြုစကားပြောဆိုခြင်းမပြုဘဲ သူမရဲ့လက်အောက်ကအနုပညာရှင်တွေထံသို့ group message တစ်စောင်ပေးပို့လိုက်တယ်။ သူမ(Zhao Ruo) က တစ်စုံတစ်ယောက်သာ audition အောင်ခဲ့မယ်ဆိုရင် အဲဒီတစ်ယောက်က Shen Yan ပဲဖြစ်လိမ့်မယ်လို့ထင်ထားခဲ့တာဖြစ်တယ်။ Shen Yan ရဲ့ အသွင်အပြင်က ထို Character နဲ့ထပ်တူကျနေပြီးတော့ သူမကအရမ်းလည်းကြည့်ကောင်းနေသေးတယ်။

Shen Yanတစ်ယောက်တည်းကိုပဲ auditionဖြေဖို့အကြောင်းကို မပြောတာက သူမဘာသာသူမဆုံးဖြတ်လို့မရတဲ့အတွက်ကြောင့်ပဲဖြစ်တယ် ။ Shen yanလိုပဲတစ်ခြားလူတွေကလဲ Zhao Ruo လက်အောက်မှာရှိနေတာကြောင့် auditionကိုသွားရောက်ကြိုးစားကြည့်ဖို့အခွင့်အရေးရှိတယ်။ နောက်ဆုံးမှာတော့ အဲဒီအနုပညာရှင်အားလုံးက Zhao Ruoရဲ့လက်အောက်မှာရှိနေတာကြောင့် ဇာတ်ကောင်နေရာကိုဘယ်သူပဲရရ သူမအတွက် ကောင်းကျိုးရှိနေတာပဲလေ။ နောက်ပြီး သူမက Shen Yanကို ဘက်လိုက်ပြီးဆက်ဆံတယ်လို့ တခြားသူတွေကိုမထင်စေချင်ဘူး ။

Zhao Ruo ကပြောလိုက်တယ်။

"Audition အောင်ခဲ့တယ်ဆိုတော့ မင်းအကောင်းဆုံးကြိုးစားခဲ့တာပဲ ဒါနဲ့ တခြားဘယ်သူတွေ audition ကိုသွားသေးလဲ "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now