chapter (50)

4.4K 593 5
                                    

Zawgyi

Akhonn
ရှန်ယန်းကိုပို့ပြီးသွားတဲ့နောက် ကျိုးရိုမှာအလုပ်များနေသေးတာကြောင့် ကုမ္ပဏီကိုပဲချက်ချင်းပြန်လာခဲ့လိုက်တယ်။

ရှန်းလုလူရွေးပွဲစဖို့ကရက်ပိုင်းအနည်းငယ်လောက်လိုသေးတာကြောင့် ဟင်းချက်စရာတွေဝယ်ပြီး ကိုယ်တိုင်ကိုယ်ကျချက်ပြုတ်စားချင်တဲ့ရှန်ယန်းက စူပါမားကတ်ရှိရာဆီကိုပဲတန်းသွားလိုက်တယ်။

ရှန်ယန်းက ဈေးခြင်းလှည်းကိုယူပြီး စူပါမားကတ်ထဲကဈေးဆိုင်တန်းတွေဘက်ကိုတွန်းလာခဲ့ကာ သူမဟင်းချက်ရာတွင်ထည့်သုံးမယ် ပါဝင်တဲ့အမယ်တချို့ခြင်းထဲထည့်ပြီး အစာပြေမုန့်တချို့ဝယ်ဖို့လုပ်လိုက်တယ် ။

" ဥက္ကဋ္ဌမုကဒီမှာပဲ "

" ရေးကြီးခွင်ကျယ်လုပ်မနေနဲ့ ၊ ငါတို့ကစူပါမားကတ်ကဝန်ထမ်းတွေပဲလေ ပြီးတော့ ငါတို့အလုပ်လုပ်ဖို့လိုသေးတယ်....... ငါကောင်တာမှာအလုပ်လုပ်ရတဲ့သူတွေကိုမနာလိုလိုက်တာ သူတို့က ဥက္ကဋ္ဌမုကိုသေချာပေါက်မြင်တွေ့နိုင်တယ်ဟ "

" ငါနောက်ဆုံးအကြိမ် ဥက္ကဋ္ဌမုကိုအဝေးကနေလှမ်းကြည့်လိုက်တော့လေ သူကအရမ်းယောက်ျားပီသတာပဲ !!!!! သူသာမင်းသားတစ်ယောက်ဖြစ်လာမယ်ဆိုရင် ငါကသေချာပေါက်ကိုသူ့ဖန်ဖြစ်လာမှာ "

ရှန်းယန်းက သူတို့ဖြတ်သွားရင်းပြောသွားတာကိုကြားလိုက်ပေမဲ့လည်း မသိချင်ယောင်ဆောင်ပြီး အစာပြေမုန့်တချို့ဈေးခြင်းလှည်းထဲသို့ပစ်ထည့်ကာ ကောင်တာရှိရာသို့ဈေးခြင်းလှည်းကိုတွန်းပြီးခပ်တည်တည်နဲ့ထွက်လာခဲ့လိုက်တယ် ။

သူမက စူပါမားကတ်မှာဈေးဝယ်ပြီးနောက် eyeliner ဝယ်ဖို့စီစဉ်ထားပေမဲ့ အခုတော့ ငွေရှင်းပြီး ပြန်ဖို့လုပ်တာပဲအကောင်းဆုံးဖြစ်လိမ့်မယ် ။ ယနေ့ညအတွက်ညစာကို ဝက်သားချိုချဉ်ချက်ဖို့စီစဉ်ထားတယ်လေ ။

ကျသင့်ငွေရှင်းပြီးနောက် သူမကဈေးဝယ်အိတ်နှစ်လုံးကိုဆွဲကာအပြင်သို့ထွက်လာခဲ့လိုက်တယ် ။

မုရီအန်းနဲ့သူမရဲ့ကံကြမ္မာကဘယ်လိုလာမလဲမသိတဲ့ရှန်းယန်းက စူပါမားကတ်မှာဈေးဝယ်ထွက်နေရင်းနဲ့ အံ့သြစရာကောင်းစွာနဲ့ပဲ တစ်မြို့လုံးမှာဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့မုရီအန်းနဲ့တွေ့လိုက်ရတယ် ။ သူမသေချာကြည့်ဖို့မပြောနဲ့ မျက်စိတောင်တစ်ချက်စွေမကြည့်မိစေရပဲနဲ့ သူ့နားကဖြတ်ပြီးမြန်မြန်အရှေ့ကိုသာကျော်တက်သွားချင်မိတယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now