Chapter (45)

5.1K 795 22
                                    

Zawgyi

ဝမ်ဖန်းက ကျိုးရိုကို အစ်မလို့ခေါ်ပေမယ့်လည်း တကယ်တန်းမှာတော့ သူက ကုမ္ပဏီကိုအရင်ဝင်ခဲ့တဲ့သူဖြစ်ပြီး အရည်အချင်းကလည်းကျိုးရိုထက်အမြဲတန်း မြင့်မားနေခဲ့တာဖြစ်တယ်။

အခုချိန်မှာတော့ ထိုဝမ်ဖန်းက သူမကိုရှုံးနိမ့်ခဲ့ရတာကြောင့် ကျိုးရိုအနေနဲ့ မပျော်ပဲနေပါ့မလား။

သူမကရှန်ယန်းဆီသို့ပျော်ရွှင်စွာနဲ့ဖုန်းခေါ်လိုက်ပြီး သူတို့ရဲ့လောင်းကြေးကိုပြောပြလိုက်တယ်။

" ခနနေလို့ဝမ်ဖန်းရောက်လာရင် ငါထပ်ခေါ်လိုက်မယ်"

ရှန်ယန်း သူမရဲ့နှုတ်ခမ်းတွေကိုအနည်းငယ်ကွေးညွတ်ပြီးပြုံးလိုက်တယ်။

"အိုခေ"

ရှန်ယန်းရဲ့ အခန်းက နေ့လည်မှရိုက်ကူးရမှာဖြစ်တာကြောင့်  သူမအနေနဲ့ရိုက်ကွင်းကို မြန်မြန်သွားဖို့မလိုအပ်ဘူး။ ဒါကြောင့် ရိုက်ကွင်းကိုမသွားခင်မှာ သူမရဲ့မနက်စာကိုအေးအေးဆေးဆေးပဲယူပြီးစားနေလိုက်တယ်။

ရှန်ယန်း ရိုက်ကွင်းဆီသို့ရောက်ချိန်မှာတော့ လီလီနဲ့တခြားတူတွေကရောက်ရှိနေခဲ့ပြီဖြစ်ပြီး အပြင်ဘက်မှာ ချန်ယွီရိုက်ကွင်းပြင်ပသို့ထွက်လာတာကိုစောင့်နေခဲ့ကြတယ်။

ရှန်ယန်းက သူတို့ရဲ့အနီးကိုသွားခြင်းမရှိဘဲ မနီးမဝေးကရပ်ကြည့်နေလိုက်တယ်။

''ချန်ယွီ ပစ္စည်းတွေကဘယ်မှာလဲ !"

လီလီက ချန်ယွီကို စူးစိုက်ပြီးကြည့်လိုက်တယ်။

"အစ်မယန်ယန်က ပစ္စည်းတွေရခဲ့ပြီလို့ပြောတယ် ဒါပေမယ့်သူရောက်မလာသေးဘူးလေ နင်တို့ခဏလောက်စောင့်ပေးဦး"

ချန်ယွီက ထိုစကားကိုပြောပြီးတာနဲ့ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ ရှန်ယန်းကိုတွေ့လိုက်ရတာကြောင့်အော်ပြောလိုက်တယ်။

"အစ်မယန်ယန်း ဒီဘက်ကိုလာခဲ့ပါလား!"

ရှန်ယန်းက အလျင်မလိုစွာနဲ့ တစ်လှမ်းခြင်းလျှောက်သွားလိုက်တယ်။ ထိုပရိတ်သတ်ကောင်မလေးတွေ အယ်လ်ဘမ်နှင့်ပိုသတာတွေကို အလျှင်တလိုနဲ့မေးနေချိန်မှာပေါ့။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now