chapter (88)

1.9K 268 11
                                    

Unicode

လုယွင်ချန်းရဲ့ ဆယ်မီလီယံကို တိုက်ရိုက်တိုးမြင့်လိုက်မှုကြောင့် ထိုနီလာကျောက်မျက်က သူ့အပိုင်ဖြစ်လာတော့မယ်။ ရှန်ယန်းကတော့ မုရီအန်းနဲ့တိုက်ခိုက်ပြီး ထိုရတနာကိုအရယူချင်စိတ်မရှိဘူး။ အဆုံးမှာ ထိုရတနာက ဇာတ်လိုက်မအတွက်ပဲလေ။ ထိုအတွေးတွေနဲ့ ရှန်ယန်းက လုယွင်ချန်းဘက်ကိုလှည့်ကြည့်လိုက်တယ်။ ထိုကျောက်မျက်ကို ကြိုက်လို့လားဆိုတဲ့မေးခွန်းတွေပါဝင်နေတဲ့မျက်ဝန်းတွေနဲ့ပေါ့။

လုယွင်ချန်းကတော့ ရှန်ယန်းပြောလာမဲ့ စကားကိုမစောင့်ဘဲ ဦးစွာပြောလာတယ်။

"ဒါက ကြည့်ကောင်းတယ်"

ရှန်ယန်း ခဏလောက်ရပ်သွားပြီးမှ ပြောလိုက်မိတယ်။

"ရှင်ပေးထားတဲ့စျေးက ဒီနီလာရဲ့တန်ဖိုးထက်ကျော်နေပြီ ဒါက အဲလောက်မတန်ဘူးလေ"

သူမ ထိုဝေဖန်ချက်ကိုထုတ်ဖော်ပြီးနောက် စင်ဘက်ကိုပြန်လှည့်ကြည့်လိုက်တယ်။

"မီလီယံနှစ်ဆယ်"

လေလံတင်ဆက်သူက ထိတ်လန့်သွားရတယ်။ ဘာတွေဖြစ်နေတာလဲ။ နီလာတစ်တုံးက ဘယ်လိုလုပ်ပြီး စျေးနှစ်ခါခေါ်အပြီးမှာ မီလီယံနှစ်ဆယ်အထိ စျေးတိုးမြှင့်သွားရတာလဲ။

ထို မီလီယံနှစ်ဆယ်က မုရီအန်းပေးလာခဲ့တာပဲ။ ထိုအမျိုးသားက အမူအယာမဲ့စွာထိုင်နေပေမဲ့ သူ့ရဲ့အကြည့်တွေကအေးစက်နေပြီး လက်ချောင်းတွေက လက်တင်ခုံပေါ်မှာ တတောက်တောက်နဲ့ခေါက်နေလေရဲ့။

လုယွင်ချန်း:"30 မီလီယံနှစ်ဆယ်"

ထိုအရှိန်အဟုန်မြင့်လာတဲ့အခြေအနေကြောင့် လူအချို့က ကုန်ပစ္စည်းကြေညာချက်စာရွက်ကိုပြန်လည်ကောက်ကိုင်ပြီး ကြည့်လာကြတယ်။ သူတို့တွေ နီလာရဲ့တန်ကြေးကိုမသိရင်လည်း တစ်ချက်လောက်ပြန်ကြည့်သင့်တယ်လေ။ မဟုတ်ဘဲ ဘာလို့စျေးပြိုင်အော်နေကြတာလဲ။

မုရီအန်း:"လေးဆယ်မီလီယံ"

ရှန်ယန်း:"....."

လုယွင်ချန်းက စျေးထပ်ခေါ်တော့မှာကိုမြင်တော့ ရှန်ယန်း သူ့လက်ကိုအလျှင်အမြန်ဖမ်းဆွဲလိုက်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now