Zawgyi
Dream ချောကလက်အမှတ်တံဆိပ်ရဲ့လုပ်ဆောင်မှုတွေက လျှင်မြန်လွန်းတယ် ။ နောက်နေ့မနက်မှာဘဲ သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူကို ကြော်ငြာခဲ့ကာ လီရှင်းထံသို့ သူမချောကလက်စားနေတဲ့ video အတိုလေးကိုပို့ပေးပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ဆော့ဝဲလ်ထဲမှာတင်ခိုင်းလိုက်တယ်။
ထို videoကို ကျိုးရိုမြင်သွားချိန်မှာတော့ အလွန်အမင်းစိတ်ဆိုးခဲ့ပြီး ရှန်ယန်းကို ထို videoကိုကြည့်ခိုင်းတာမျိုးမလုပ်ဘဲ စာချုပ်မှာလက်မှတ်ထိုးဖို့အတွက်ကိုပဲ ဆက်လုပ်ခဲ့တယ်။
ရှန်ယန်းရဲ့ထောက်ခံသူအဖြစ်ကြော်ငြာမှုကို အတိအလင်းကြေညာသည်ဖြစ်စေ ၊သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်ထုတ်လွှင့်ပြသသည်ဖြစ်စေ ထိုကိစ္စကိုလူတိုင်းသိရှိသွားချိန်မှာ လီရှင်းတစ်ယောက် ဟာသတစ်ခုလိုဖြစ်သွားလိမ့်မယ်။
ရှန်ယန်းရဲ့ကဖိန်းဓာတ်ခံနိုင်ရည်အားက တကယ့်ကိုနိမ့်လွန်းတယ်။ ဒါပေမယ့်ကံကောင်းစွာနဲ့ Sweet chocolateရဲ့ ဝန်ထမ်းတွေက စီးပွားရေးကိုဘယ်လိုလုပ်ရမလဲဆိုတာကောင်းကောင်းသိနေခဲ့တယ်လေ။
သူတို့က ရှန်ယန်းကိုမြှောက်ပင့်မျက်နှာချိုသွေးတာမျိုးမလုပ်သလို ပစ်မှတ်ထားပြီးဖိနှိပ်တာမျိုးလည်းမလုပ်ခဲ့ဘူး။ တကယ်လို့ စာချုပ်ထဲကသတ်မှတ်ချက်တွေကို ရှန်ယန်းသဘောမကျဘူးဆိုရင် သူတို့ကရှန်ယန်းနှင့်ညှိနှိုင်းပြီး ပြန်လည်ပြောင်းလဲပေးခဲ့တယ်။
ပူးပေါင်းမှုအကြောင်းတွေစာချုပ်အကြောင်းတွေကိုဆွေးနွေးတဲ့သူက ကျိုးရိုဖြစ်ပြီး ရှန်ယန်းကတော့ လက်မှတ်ထိုးဖို့အတွက်ပဲတာဝန်ယူရတဲ့သူဖြစ်တယ်။
ကျိုးရိုက အကွက်မြင်တတ်တဲ့သူဖြစ်ပေမယ့် သူမက ရှန်ယန်းသာ Sweet chocolateရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်စာချုပ်ချုပ်လိုက်ရင် လူတွေအကုန်လုံး စိတ်လှုပ်ရှားသွားလိမ့်မယ်ဆိုတာကိုတွေးတောနေခဲ့တဲ့အတွက် ရှန်ယန်းနဲ့တွဲဘက်လုပ်ရမယ့်သူက ဘယ်သူလဲဆိုတာကိုမေးမြန်းဖို့ကို မေ့လျော့သွားခဲ့တယ်။
ရှန်ယန်းမှ သူမကိုသတိပေးလာတဲ့အချိန်မှာသာ ထိုမေးခွန်းကိုထုတ်မေးရတော့တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceAuthor - 桃花引