(107)
သူ့ရဲ့အတိတ်ဘဝတုန်းက မုရီအန်း ဘာကိုမှ မသိခဲ့ဘူး။
ရှန်ယန်းနဲ့ လမ်းခွဲပြီးနောက်မှာ မုရီအန်းရဲ့စိတ်တွေက အလွန်အမင်း အဆိုးမြင်လာခဲပြီး ပိုက်ဆံကိုပဲ ကုန်းရုန်းရှာနေခဲ့တယ်။ ရှန်ယန်းက သူနဲ့ လမ်းခွဲလိုက်တဲ့အတွက် သူပိုက်ဆံအများကြီးပိုရှာရမယ်။ သူချမ်းသာတဲ့အချိန်ကိုရောက်ရင် ရှန်ယန်း သူ့ဆီကို ပြန်လာလိမ့်မယ်။
မုရီအန်း မုလုပ်ငန်းစုထဲတွင် အခိုင်အမာခြေကုပ်ယူခဲ့ပြီးချိန်မှာ ရှန်ယန်းက တကယ်ပဲပြန်လာခဲ့တယ်။ သူမက သူနဲ့ပြန်လည်ပေါင်းဆည်းချင်ခဲ့တယ်။ ထိုကဲ့သို့သို့ ပိုက်ဆံမက်လွန်းတဲ့ ရှန်ယန်းရဲ့ပုံစံက မုရီအန်းကို မုန်းတီးစေခဲ့တယ်။
သူက ရှန်ယန်းကို ခုန်ချဖို့အတွက် တမင်အရွဲ့တိုက်ပြီးပြောခဲ့တာ။ ရှန်ယန်းက ထပ်ပြီးတောင်းပန်နေလိမ့်မယ်လို့ သူထင်ခဲ့ပေမဲ့ ရှန်ယန်းတကယ်ပဲ တတိယထပ်မှ ခုန်ချပြလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိခဲ့ဘူး။ရှန်ယန်းက သူ့မှာပိုက်ဆံရှိနေတဲ့အတွက် သူနဲ့အတူနေရဖို့ အရာအားလုံးကိုလုပ်ဖို့ဆန္ဒရှိတယ်လို့ မုရီအန်းခံစားခဲ့ရတယ်။
ရှန်ယန်းက သူ့ဆီကိုအစားအသောက် လာပို့ပေးတဲ့အချိန်မှာ သူ့ကို ဖုန်းဆက်ပြီး အလုပ်များနေလားလို့ မေးလာခဲ့တယ်။
မုရီအန်း ခဏလောက်စဉ်းစားပြီး ရှန်ယန်းက ဟဲရှီနဲ့ တွေ့ခဲ့မယ်ဆိုတာကို တွေးလိုက်မိတယ်။ ရှန်ယန်း သူနဲ့ပြန်အဆင်ပြေချင်တယ်ဆိုမှတော့ သူမ သူဟဲရှီနဲ့အတူရှိနေမှာကို စိတ်ပူ(သဝန်တို)နေလောက်လား.. ဒါမှမဟုတ် သူမလိုချင်တာက သူနဲ့ပြန်လည်အဆင်ပြေဖို့(ပိုက်ဆံကိုလိုချင်လို့)တစ်ခုတည်းပဲလားဆိုတာ တွေးမိခဲ့တယ်။
ရှန်ယန်း ဒေါသထွက်စေဖို့အတွက် မုရီအန်း ဟဲရှီကို တစ်ရက်လုံး ရုံးမှာနေခိုင်းခဲ့ပြီး ညနေစောင်းတဲ့အချိန်ကျမှ ဟဲရှီနဲ့အတူထွက်လာခဲ့တယ်။ ရူးမိုက်တဲ့ ရှန်ယန်းကတော့ သူမ အောက်ထပ်မှာရှိနေတာကို သူမသိဘူးလို့တွေးနေခဲ့တာလေ။ ဒါပေမဲ့ သူ ဟဲရှီနဲ့အတူထွက်လာချိန်မှာ သူမက သူ့ဘက်ကိုတောင် လှည့်တောင် ကြည့်မလာခဲ့ဘူး။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceAuthor - 桃花引