Chapter (11)

8.3K 1.1K 29
                                    

Zawgyi

ရိုက်ကူးရေးအဖွဲ့သားတွေရောက်လာပြီးနောက် စားပွဲဝိုင်းအချို့မှာလူတွေနဲ့ပြည့်နေသွားပေမယ့် ရှန်ယန်းကတခြားသူတွေနဲ့အတူ သီးသန့်ခန်းမှာရောက်ရှိနေခဲ့တယ် ။ လူတွေ အများကြီးရှိနေတာမဟုတ်ပေမယ့် အနည်းငယ်တော့ ဆူညံနေခဲ့တယ်။

ရှန်ယန်းက နည်းနည်းလောက်ပဲစားဖြစ်ခဲ့တယ် ။ အဓိကအကြောင်းပြချက်ကတော့ လက်ထောက်ဒါရိုက်တာက ရှန်ယန်းကို စကားတွေပြောနေခဲ့တာကြောင့်ပဲ ။ ထိုစကားတွေကတော့ ရှန်ယန်း ကို သူမြင်လိုက်တဲ့အချိန်ကတည်းက ရှန်ယန်းဟာ အနုပညာလာကထဲမှာ အောင်မြင်လာမဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ သူခံစားမိတယ်ဆိုတာတွေပဲဖြစ်တယ်။

ရှန်ယန်းက နည်းနည်းလောက်စားဖြစ်တယ်ဆိုပေမဲ့ ဟဲဟန်ကတော့ လုံးဝကိုစားချင်စိတ်ရှိမနေခဲ့ပေ ။ သူမကိုလည်း တစ်ယောက်ယောက်က စကားလာပြောစေချင်တယ် ဒါမှမဟုတ်ရင်လည်း သူမအနေနဲ့တခြားတစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ် ခေါ်ပြောဖို့အခွင့်အရေးရချင်တယ် ။ ဒါပေမဲ့လို့ ရုပ်ရှင်အဖွဲ့ထဲကခေါင်းဆောင် မင်းသားနဲ့မင်းသမီးတို့ဟာတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလာတာအချိန်အတော်ကြာလှပြီဖြစ်တာ​ကြောင့် သူတို့ဘာသာပဲအတူတူစကားပြောနေကြပြီး...ဟဲဟန်ကတော့ ထိုနေရာမှာတစ်ယောက်ထဲပဲထိုင်စားနေရတယ် ။

ရှန်ယန်းကတော့ ဟဲဟန် နဲ့မတူပေ ။ သူမက ရိုက်ကူးရေးအဖွဲ့သားအသစ်တစ်ယောက်ဖြစ်သော်လည်း ပြဿနာက တခြားလူတွေက ရှန်ယန်းမှာ လက်ထောက်ဒါရိုက်တာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဟု ထင်နေကြတယာကြောင့် ရှန်ယန်းကို တခြားဝန်ထမ်းတွေကပါလာ၍ နှုတ်ဆက်ခဲ့ကြတယ် ။

ချန်ဖေးရဲ့ နံပါတ်တစ်အမျိုးသမီးသရုပ်ဆောင်ဖြစ်တဲ့ ရှချင်က တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူမက ပြည့်စုံကောင်းမွန်တဲ့မိသားစုကနေ မွေးဖွားလာတဲ့သူဖြစ်တယ် ။ သူမက ချန်ဖေး ဒရမ်မာဇာတ်လမ်းတွဲရဲ့ လူရွေးပွဲတွင်ပါဝင်ဖြေဆိုခဲ့တာကြောင့် နံပါတ်တစ်ဇာတ်လိုက်မင်းသမီးနေရာမှာ သရုပ်ဆောင်ဖို့အခွင့်အရေးရခဲ့တာဖြစ်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now