Chapter (36)

5.5K 858 6
                                    

Zawgyi

Akhonn

ရှန်ယန်းသည်အရှေ့သို့သာဆက်ပြီးလျှောက်သွားလိုက်၏ ။ သူမ၏ခြေလှမ်းတွေသည် ခဏလေးတောင်တုံ့ဆိုင်းခြင်းမရှိပေ ။

တဖက်မှလက်ထောက်ဝူသည် အထိတ်တလန့်ဖြစ်သွားခဲ့ပြီး ကားထဲကတော့ထွက်လာဖို့မရဲခဲ့ပါ ။ ရှန်ယန်းကအရင်နဲ့မတူတော့ဘူးဆိုတာကိုသူတွေ့မြင်ခဲ့တယ် ။

အရင်တုန်းကရှန်ယန်းသည် မိုးရေထဲမှာ ​နောက်တကြိမ်အခွင့်ရေးရဖို့တောင်းဆိုခဲ့ပေမဲ့ အခုတော့သူမက သူတို့ကိုမျက်ကွယ်ပြုထားလိုက်ပုံရတယ် ။

ဒီတစ်ချိန်မှာတော့ သူမအမှန်တကယ်နာကျင်နေတာဖြစ်ကောင်းဖြစ်နိုင်တယ် ။ ဒါပေမဲ့သူမက. သူတို့ရဲ့ ဥက္ကဌမု ဒုက္ခရောက်နေချိန်မှာ သူမရဲ့အနာဂတ်အတွက်စွန့်ပစ်သွားတဲ့သူဖြစ်တယ် ။

သူမHotel ဆီပြန်ရာက်ပြီးလို့ ရေချိုးဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ကျိုးရိုဆီကဖုန်းဝင်လာခဲ့တယ် ။

" ညစာစားပွဲမှာ ဥက္ကဌမု ရှိနေတာလား? "

" အမ်း..... သူရှိနေတယ် ပြီးတော့ ကျွန်မ hello လို့တောင်ပြောလိုက်သေးတယ် "

ဒါကတကယ်အမှန်ပဲ...၊ ရှန်ယန်သည်နှုတ်ဆက်စကားကို ဒါရိုက်တာဝူနဲ့တဆင့်ပြောခိုင်းလိုက်ပြီး သူမကိုယ်တိုင်တော့မပြောခဲ့ပေ ။

" ရှန်းလုရဲ့ပထမအဆင့်လူရွေးပွဲက သန်ဘက်ခါနော်.. ငါမင်းကိုလာခေါ်လိုက်မယ်.... ဒါပေမဲ့ ဒီလူရွေးပွဲရဲ့စည်းမျဉ်းတွေကိုငါမသိဘူး... သူတို့ကတော့ အဲ့ဒါကို " အနာဂတ်ရဲ့ကြယ်ပွင့်များ" လို့နာမည်ပေးထားတယ် "

ရှန်ယန်းရဲ့အချိန်ဇယားအကြောင်းပြောလို့ပြီးသွားပြီးနောက် ကျိုးရိုကဖုန်းချသွားခဲ့တယ် ။

ရှန်ယန်းရေချိုးလို့ပြီးသွားတဲ့အချိန်မှာ ချန်ယွီက ပြန်လာခဲ့တယ် ။

ချန်ယွီကသွက်လက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး လုယွင်ချန်းကိုလည်းအလွန်နှစ်သက်တယ် ။ သူမကအခန်းထဲရောက်သည်နှင့်ချက်ချင်း လုယွင်ချန်းဆီကရခဲ့တဲ့လက်မှတ်စာအုပ်ကိုညှပ်လိုက်ပြီး ပြောလာတယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now