Chapter (29)

8K 1.1K 86
                                    

Zawgyi

Chapter 29

Shen Yan လည်း အဲ့ဒီကိစ္စအကြောင်းကိုသိတယ် ။ ဒီအခြေအနေတွေမတိုင်ခင်တုန်းက Meng မိသားစုကသူမကိုရွေးချယ်ခွင့်ပေးခဲ့တယ် Meng Yi'anက သူမကို လုံးဝမုန်းသွားအောင်လုပ်ဖို့ နဲ့ Mengမိသားစုက စီစဉ်ပေးတဲ့ လက်ထပ်ပွဲကို Meng Yi'an ကလက်ခံဖို့ဆိုပြီးတော့ ။

နောက်ပြီး Meng Yi'an ရဲ့လက်ထပ်မယ့်သူက သူမ အချိန်အပိုင်းအခြားနယ်မြေထဲမှာသိခဲ့ရတဲ့ဇာတ်ကွက်အရဆိုရင် လုံးဝကိုပြီးပြည့်စုံလွန်းတဲ့အမျိုးသမီးကိုရွေးချယ်ထားခဲ့တာ ။

Shen Yanကိုယ်တိုင်ကလွဲရင် ဇာတ်ကွက်တွေအားလုံးက မူလပုံစံအတိုင်းသွားနေခဲ့တာပဲ ။နောက်ပြီး Shen Yan ကလည်း အဲဒီဇာတ်ကွက်တွေကိုမလိုချင်တော့တဲ့အတွက် ဇာတ်ကွက်နဲ့မတူတဲ့ကိစ္စတွေကိုပဲ လုပ်နေခဲ့တာ ။

"အစ်မ Zhou ကျွန်မ ဒီအချိန်မှာ အချစ်ရေးကိုမစဉ်းစားချင်သေးဘူး "

Zhou Ruo က ပိုပြီးကျေနပ်အားရသွားတဲ့ပုံပေါ်လာတယ်။ မင်းသမီးတွေအတွက် ရွှေတံဆိပ်ဆုပေးပွဲက နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာရောက်လာတော့မှာဖြစ်တယ်။ ဒီနှစ်တွေထဲမှာ အနှပညာအသိုင်းအဝိုင်းကြားထဲမှာ သူမအတွက်နေရာမရခဲ့သလို တောက်ပသင့်သလောက်လည်း မတောက်ပခဲ့ရဘူး ။

တစ်နည်းအားဖြင့်ဆိုလျှင် သူမရဲ့နေရာက တဖြည်းဖြည့်နိမ့်ကျလာခဲ့တာ ။ အထူးသဖြင့် Shen Yan က အနုပညာအသိုင်းအဝိုင်းထဲမှာ တော်တော်လေးရုန်းကန်လှုပ်ရှားနေရတာဖြစ်ပြီး Zhao Ruo က Shen Yanကို အချစ်ရေးပြသနာကြောင့် နောက်ထပ်မနှောင့်နှေးစေချင်တော့ဘူး ။

Shen Yan က အလားအလာရှိတဲ့မင်းသမီးတစ်လက်ပဲ ။ သူမက အရင်တုန်းက သူ့ရဲ့အချစ်ရေးပြသနာကြောင့်သာ အောင်မြင်မှုနဲ့ဝေးကွာနေခဲ့တာ ။

အတူတကွနေထိုင်ခြင်းရဲ့ ထုတ်လုပ်ရေးအဖွဲ့က သဘောတူလက်မှတ်ထိုးတဲ့အချိန်မှာ Shen Yanကိုအရမ်းပဲ လိုက်လျောပေးတယ်။ သူတို့က Shen Yan ရဲ့အေဂျင်စီကို ရိုက်ကူးရေးကြေးတွေ လျှင်မြန်စွာလွှဲပေးတာကြောင့် Shen Yan ဆီကိုပိုက်ဆံတွေချက်ချင်းရောက်လာခဲ့တယ်။

ချန်ဖေးရိုက်ကူးရေးက အတူတကွနေထိုင်ခြင်းရဲ့ရိုက်ကူးရေးအဖွဲ့ကို လုံးဝမယှဉ်နိုင်ဘူး ။ မင်းသားမင်းသမီးတွေပဲဖြစ်ဖြစ် ၊ ငွေကြေးအရပဲဖြစ်ဖြစ် ၊ ထုတ်လုပ်ရေးတွေအရပဲဖြစ်ဖြစ်ပေါ့။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now