Chapter (15)

7K 1K 17
                                    

Akhonn

Zawgyi

တိုးဝှေ့ပြီးကြည့်နေတဲ့အနုပညာရှင်အုပ်စုထဲကတစ်ယောက်ကပြောလာတယ်

" Shen Yan, နင်ဘာကိုဆိုလိုတာလဲ ။ He Han ကဘယ်ရှယ်ယာတွေကိုဝယ်ရင် ငွေရနိုင်လည်းဆိုတာ ငါတို့ကိုပြောပြခဲ့တယ် ။ ဒါပေမဲ့ နင်က ငါတို့ကို ရင်းနှီးမမြှုပ်နှံစေချင်ဘူး ပြီးတော့ တခြား ငါတို့ တစ်ခါမှမသိမကြားဖူးတဲ့အရာဆီမှာ ရင်းနှီးမြှုပ်နှံစေချင်တယ် ။ ဒါဘာကိုဆိုလိုတာလဲ! "

Shen Yan ဘက်မှာရှိနေဆဲဖြစ်တဲ့ လက်ထောက်ဒါရိုက်တာက ကြားဝင်ကာ

" မင်းဘာပြောလိုက်တာလဲ! Shen Yan ကမင်းကိုရင်းနှီးမြှုပ်နှံခွင့်မပြုဘူးဆိုတာဘာကိုဆိုလိုတာလဲ ။ မင်းဘာကိုပဲဝယ်ချင်ချင် ဒါမှမဟုတ် ဘယ်နေရာမှာပဲရင်နီးမြှပ်နှံနှံ Shen Yan အဲကိစ္စနဲ့ပတ်သက်ပြီးဘယ်တုန်းကမှဖိအားမပေးခဲ့ဖူးဘူးလေ သူမကရင်းနှီးမြုပ်နှံဖို့ငါ့ကိုမေးနေတာ မင်းတို့တွေကိုမဟုတ်ဘူး....."

အနုပညာရှင်အဖွဲ့သား​တွေက လက်ထောက်ဒါရိုက်တာနဲ့ Li Jun ကြားကဆက်နွယ်မှုကိုမသိတာကြောင့် Li Jun က လက်ထောက်ဒါရိုက်တာကို မုန်းနေတယ်လို့ ထင်နေကြတယ် ။ Li Jun သာ လက်ထောက်ဒါရိုက်တာကိုမမုန်းဘူးဆိုလျှင် ဘာကြောင့်သူ့ကို အဖွဲ့သားတွေအတွက် နေ့လယ်စာပို့ရန် တာဝန်ပေးထားမှာလဲ ။

သူတို့က လက်ထောက်ဒါရိုက်တာကိုလှောင်ပြောင်ပြောဆိုနေကြတယ် ။

" အဲဒီတုန်းက Shen Yan ကအဲဒါတွေဝယ်မှာဖြစ်လို့ သွားဝယ်ဖို့အတွက် မင်းကိုပြောခဲ့တယ်လေ သူမကမင်းကိုမပြောခဲ့လို့လား မင်းဘာလို့မဝယ်လာခဲ့ရတာလဲ !! "

လက်ထောက်ဒါရိုက်တာက အလျော့ပေးဖို့စိတ်မကူးပဲ ခိုင်မာစွာနဲ့ပြောတယ် ။ သူက သူ့ရဲ့ဖုန်းကိုတိုက်ရိုက်ထုတ်ယူလိုက်ပြီး...

" ငါ မဝယ်ပါဘူးလို့ဘယ်သူပြောလဲ? မင်းတို့သာမဝယ်ခဲ့တာ ငါအစောပိုင်းတည်းက အများကြီးဝယ်ခဲ့ပြီးသွားပြီ "

လက်ထောက်ဒါရိုက်တာကစကားပြောနေရင်းတန်းလန်းနဲ့  လက်တစ်ဖက်ကဖုန်းကိုကိုင်ပြီးလှုပ်ရမ်းကာ Shen Yanဘက်ကိုလည်းမသိမသာလှမ်းကြည့်လိုက်တယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now