Chapter (34)

5.5K 943 26
                                    

Akhonn

Zawgyi

လုယွင်ချန်းက ကားထဲက အရင်ထွက်လာခဲ့ပြီး ရှန်ယန်းကိုတားဆီးကာ သူ့ရဲ့ရှည်လွန်းတဲ့အရပ်နှင့်ရှန်ယန်းရဲ့ရှေ့မှာ ဖြောင့်တန်းစွာရပ်လိုက်တယ် ။

လမ်းရဲ့မီးရောင်ကြောင့်သူ၏အရိပ်ကရှည်လျားနေခဲ့တယ် ။ သူက ရှန်ယန်းနဲ့ပိုပြီးနီးစပ်အောင်အနားသို့တိုးလိုက်ပြီး တိုးတိုးလေးပြောလိုက်တယ် ။

" ကိုယ်က ရှန်းလု လူရွေးပွဲရဲ့အကဲဖြတ်ဒိုင်တစ်ယောက်နော် "

ရှန်ယန်းကခဏလောက်အံ့သြသွားခဲ့တယ် ။သူမ အရင်ဘဝမှာတုန်းက ရှန်လုရဲ့လူရွေးပွဲအစီအစဉ်ကိုမကြည့်ခဲ့ဖူးပေမဲ့ အကဲဖြတ်ဒိုင်ကတော့ လုယွင်ချန်းမဟုတ်တာကိုတော့ အသအချာသိတယ် ။ ဒီတော့ ဒီလူက သူမကိုလိမ်နေတာများလား ??

ရှန်ယန်းရဲ့မျက်နှာအမူအရာကိုကြည့်ပြီး လုယွင်ချန်း အနည်းငယ်ကျေနပ်မိသွားတယ် ။

ရှန်ယန်းကအနည်းငယ်လောက် မျက်မှောက်ကြုတ်လိုက်ပြီး ဂရုမစိုက်စွာနဲ့ပြန်မေးလိုက်တယ်။

" ရှင်ကအကဲဖြတ်ဒိုင်!! အဲ့ဒီတော့....? "

လုယွင်ချန်းက အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်တယ်။

" မင်း ကိုယ့်ကိုဘယ်လိုလာဘ်ထိုးမှာလဲ? "

ရှန်ယန်းရဲ့အဖြေကိုတောင်မစောင့်ပဲ သူကထပ်ပြောလိုက်တယ် ။

" ဥပမာ.. black fan တစ်ယောက်မလုပ်တော့ဘူးဆိုရင်ရော? "

ရှန်ယန်ကချက်ချင်းပြန်ပြောလိုက်တယ်..။

" ကျွန်မတို့ black fan တွေက ပရော်ဖက်ရှင်နယ်လ် ကျင့်ဝတ်ရှိတယ် "

ထိုသို့ပြောပြီးသည်နှင့် သူမရှေ့သို့ဆက်လျှောက်သွားလိုက်တယ် ။

လက်ထောက်ဝူက ကားတံခါးကိုဖွင့်ပေးလိုက်ပေမဲ့ မုရ်ီအန်းက ကားထဲကထွက်မလာခဲ့ပေ ။ ရှန်ယန်းနဲ့လုယွင်ချန်းတို့စကားပြောနေတာကိုတွေ့ရပေမဲ့ အသံအရမ်းတိုးနေတာကြောင့် သူတို့ဘာအကြောင်းပြောနေလဲဆိုတာ ကြားရခြင်းမရှိဘူး။

သူတို့နှစ်ယောက်ရဲ့ ရင်းနီးကျွမ်းဝင်တဲ့အမူအယာကိုသာ သူတို့တွေ မြင်နိုင်တယ် ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now