Chapter (76)

2.9K 396 10
                                    

Unicode

[T/n_ မေ့နေလောက်ပြီဆိုတော့ အရင်အပိုင်းကို ပြန်နွှေးပေးမယ်နော်

မုရီအန်းက ရှန်ယန်းကို ပိုက်ဆံအိတ်နဲ့ပစ်ပေါက်ပြီး (ပစ်ပေးလိုက်တာဆိုပေမယ့် ရှန်ယန်းက မဖမ်းထားလိုက်တဲ့အတွက်ပစ်ပေါက်သလိုဖြစ်သွားတာ) သူ့ရဲ့ဟန်ဆောင်ရည်းစားလေးလုပ်ပေးရင် ရှန်ယန်းကိုအနုပညာလောကထဲမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် ရင်းနီးမြုပ်နှံပေးမယ်ဆိုပြီး ကမ်းလှမ်းလိုက်ပါတယ်

အိုခေ စလိုက်ရအောင်]

ရှန်ယန်း ပြုံးလိုက်မိပေမယ့် စီးသွယ်ကျဆင်းလာတဲ့မျက်ရည်တွေကိုတော့သူမရဲ့အပြုံးနှင့် လုံအောင်ဖုံးဖိနိုင်ခြင်းမရှိလေဘူး။ အမျိုးသမီးငယ်လေးက မျက်ရည်တွေကို လက်ညိုးနဲ့သုတ်လိုက်ပြီး ရှေ့မှာရှိနေတဲ့လူကိုပြန်ပြောလိုက်တယ်။

"ဥက္ကဋ္ဌမု ရှင့်အနေနဲ့ အမှိုက်သရိုက်တွေကို ဝေးဝေးရောက်အောင်လွှင့်ပစ်သင့်တယ်လေ"

ရိုးရိုးသားသားပြောရရင် မုရီအန်းက ရှန်ယန်းအတွက် ထိုသိုကိစ္စမျိုးတွေကို သေချာပေါက်လုပ်လာနိုင်တာပေါ့။ ထိုအမျိုးသားရဲ့ဒီလိုစကားတွေကို လက်ရှိရှန်ယန်းကို ထားလိုက်ဦး ။ ပြန်လည်မမွေးဖွားလာသေးတဲ့ ယခင်ဘဝက ရှန်ယန်းအတွက်တောင် ထူးဆန်းတယ်လို့ခံစားမိမှာ မဟုတ်လောက်ဘူး။

ရှေ့ကို ခြေလှမ်းအနည်းငယ်လောက် လှမ်းတော့ ရှန်ယန်းရဲ့ခြေထောက်အောက်မှာရှိနေတဲ့ ဒေါက်မြင့်ဖိနပ်ကြောင့် ရှန်ယန်းရဲ့အရပ်က မုရီအန်းရဲ့မေးစေ့နားလောက်အထိ ရောက်ရှိနေခဲ့တယ်။ သူမက မေးစေ့ကို ပင့်မြှောက်လိုက်ကာ ဆက်ပြောလိုက်ပြန်တယ်။

"မစ္စတာမု ပြောခဲ့တဲ့စကားကို ပြန်သွားကြည့်ရရင် ..လုယွင်ချန်းကရော ရှင့်လိုမျိုး ကျွန်မကို မပေးနိုင်လောက်ဘူးလို့ ထင်နေတာများလား ”

မုရီအန်းရဲ့ လက်ဆစ်တွေထံမှ အဆစ်ချိုးသံများထွက်ပေါ်လာခဲ့တယ်။ ထိုအမျိုးသားက သူ့ရဲ့လက်တစ်ဖက်ကိုပင့်မြှောက်ကာ ရှန်ယန်းရဲ့မေးဖျားကို ပင့်,မလိုက်ပြီး မျက်လုံးချင်းဆုံတွေ့စေတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now