Chapter (54)

5.1K 753 31
                                    

Zawgyi

ဝမ်ဖန်းက ကျိုးရိုကိုလူရွေးပွဲသတင်းအရင်းအမြစ်တွေကိုပြောပြရင်းနှင့်ပျော်ရွှင်နေခဲ့တယ်။

ရှန်ယန်း စင်ပေါ်ကနေ ကျိုးရိုရှိရာသို့အသိစိတ်အရလှမ်းကြည့်လိုက်မိတော့ တစ်ဖက်လူကဝန်ဖမ်းနဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာကိုမြင်လိုက်ရတယ်။

ထိုမြင်ကွင်းကိုတွေ့တော့ ထိုသူနှစ်ဦးရဲ့ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိလို့လားဆိုပြီး ရှန်ယန်းသံယသဝင်မိပေမယ့် အဆုံးမှာတော့ သူမနားမလည်နိုင်တဲ့ဆက်ဆံရေးအတွက်သက်ပြင်းချလိုက်ရုံအပြင်မတတ်နိုင်လေဘူး။

တိုက်ရိုက်ထုတ်လွှင့်ဖို့ရိုက်ကူးနေတဲ့ကင်မရာက သူမ ရှိရာဘက်သို့ရိုက်ကူးနေခြင်း မရှိတာကြောင့် ရှန်ယန်းကလွတ်လွတ်လပ်လပ်ပဲဖုန်းကိုကြည့်နေခဲ့တယ်။ ဒါပေမယ့် ပြသနာတစ်ခုကတော့ ထိုင်ခုံတွေကိုသူမတစ်ယောက်တည်းကသာ မောင်ပိုင်စီးထားသလိုဖြစ်နေပြီး အနည်းငယ်ပျင်းရိစရာကောင်းနေခဲ့တာပဲဖြစ်တယ် ။

တစ်ခုကောင်းတာက ရှန်ယန်းရဲ့ဘေးနားမှာထိုင်ခဲ့တဲ့ကျန်းရုံက ရှန်းလုနိုဗယ်စာအုပ်ကိုပါယူဆောင်လာခဲ့တာကြောင့် သူမကထိုစာအုပ်ကိုယူပြီးဖတ်ရှုနေလိုက်တယ်။

ရှန်ယန်းကလွဲရင် ကျန်တဲ့ပြိုင်ပွဲအဖွဲ့ဝင်တွေအကုန်လုံးကမှတ်တန်းrecordအတွက် ကောင်းသထက်ကောင်းအောင်ရိုက်ကူးနေကြတုန်းပဲ ။ သူတို့တွေကခွင့်ပြုထားတဲ့တစ်နာရီစာအချိန်ရဲ့နောက်ဆုံးမိနစ်ပိုင်းအထိ ထပ်ခါထပ်ခါရိုက်ကူးနေခဲ့ကြတာဖြစ်တယ်။

ရှန်ယန်းအတွက်တာဝန်ယူခဲ့တဲ့မိတ်ကပ်ဆရာမနဲ့ ကင်မရာမင်းကတော့ အချိန်ကိုကြည့်ပြီးတစ်နာရီပြည့်တော့မယ်ဆိုတာသေချာမှ ရှန်ယန်းကိုရှာဖို့ထွက်လာခဲ့ကြတယ်။

သူတို့မမျှော်လင့်ခဲ့တာကတော့ ရှန်ယန်းက အခန်းထဲမှာရှိနေမှာမဟုတ်ဘူးဆိုတာကိုပဲ။

"သူဘယ်ကိုထွက်သွားတာလဲ "

"မသိဘူးလေ သူကရိုက်ကူးရေးအဖွဲ့တွေဆီကိုသွားပြီးငါတို့ကိုအပြစ်ပြောနေလောက်လား "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now