chapter (82)

2.6K 327 13
                                    

Unicode

မုရီအန်း ရှန်ယန်းအနီးကိုရောက်သွားချိန်မှာတော့ ထိုအမျိုးသမီးငယ်လေးရဲ့ဖြူဖျော့နေတဲ့မျက်နှာနဲ့ နဖူးပေါ်မှာတွဲခိုနေတဲ့ချွေးစက်တို့ကိုပါ ထင်ထင်ရှားရှားမြင်တွေ့လိုက်ရတယ်။  သူ ခပ်ထေ့ထေ့လှောင်ရယ်လိုက်မိပြီး:

" အင်အားမဲ့တဲ့သူကို အနိုင်ကျင့်နှိပ်စက်ပြီး အားအားကြီးသူကိုတော့ ကြောက်ရွံ့ခ,ယနေတာပဲ"

ရှန်ယန်းက လက်ချောင်းတွေကို ခပ်ဖွဖွဆုတ်လိုက်မိပြီး ပြန်လည်ဖြေလျော့ကာ ထွက်ခွာသွားဖို့ပြင်တယ်။ ထိုအချိန်မှာပဲ မုရီအန်းက သူမရဲ့လက်ကိုဆုတ်ကိုင်လိုက်ပြီး နားရွက်အနီးကိုတိုးကပ်ကာ ပြောလာခဲ့တယ်။

"ဒီတစ်ခေါက်ပြသနာကို ကိုယ်ကူညီဖြေရှင်းပေးမယ်.. မင်းဘာပြန်ပြောရမလဲဆိုတာကို စဥ်းစားထားလိုက်.. လုယွင်ချန်းနောက်ကိုလိုက်ပြီး အောင်မြင်ဖို့အတွက်သူ့ကိုတွယ်တက်မဲ့အစား စေ့စပ်ပွဲအတုဆိုတဲ့ခေါင်းစဥ်အောက်ကိုပြန်သွားကြတာပိုမကောင်းဘူးလား .. ဟမ်"

လက်ရှိဖြစ်ရပ်ကြောင့် လူရွေးပွဲတစ်ခုလုံးက ဆူညံပွက်လောရိုက်နေတာကြောင့် ရှန်ယန်းကို သတိထားမိတဲ့လူ များများစားစားမရှိဘူး။ ဒါရိုက်တာနဲ့ အဖွဲ့ဝင်တွေက လူအုပ်ကိုရှင်းလင်းထိန်းသိမ်းနေရတယ်လေ။

ရှန်ယန်း:" ဥက္ကဌမု ..ကျွန်မက လုယွင်ချန်းကိုပဲရွေးမှာ.. ရှင်နဲ့ကတော့ အတုအယောင်ဆိုရင်တောင် စေ့စပ်မှာမဟုတ်ဘူး  .. ရှင်နဲ့ မထိုက်တန်လို့လေ!"
သူမက ပြောပြီးပြီးချင်း စင်နောက်ဘက်ကိုထွက်ခွာသွားခဲ့တယ်။

မုရီအန်း:" သူတော်ကောင်းယောင်ဆောင်နေတာပဲ!"

မကြာခင်မှာပဲ ကျိုးရိုက ရှန်ယန်းကိုကူညီဖေးမဖို့ရောက်လာခဲ့ကာ မုရီအန်းကိုပါမြင်သွားခဲ့တယ်။ သူမ မုရီအန်းရဲ့စီးပွားရေးမဂ္ဂဇင်းတွေကိုဖတ်ဖူးတယ်လေ။ ဒါအပြင် ရှန်ယန်းရဲ့ ဇာတ်လမ်းထဲမှာလည်း မုရီအန်းက ရင်းနီးမြှပ်နှံထားခဲ့တာမလား။

စင်နောက်ကိုရောက်ချိန်မှာတော့ ရှန်ယန်းကိုဆေးထည့်ပေးခဲ့တဲ့သူက နောက်တစ်ကြိမ်ရောက်ရှိလာပြီး ရှန်ယန်းရဲ့ခြေထောက်ကိုဆေးထပ်ထည့်ပေးလာတယ်။ အချိန်အနည်းငယ်ရသေးတာကိုမြင်တော့ ကျိုးရိုက မေးမြန်းလာတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now