Chapter (52)

4.3K 659 2
                                    

Zawgyi

လီဆွေ့ယွီက ရှန်ယန်းကိုဘာတစ်ခုမှမလုပ်နိုင်ဘူးဆိုပေမယ့်သူမက လုံးဝလွှတ်ပေးလိုက်မယ်လို့ဆိုလိုတာတော့မဟုတ်ဘူးလေ။

တိုက်ရိုက်ထုတ်လွှင့်မယ့်နေ့မှာ လီဆွေ့ယွီက မာကျောက်ကစားဖို့ချိန်းလာတာကိုငြင်းပယ်လိုက်ပြီး အလှပြင်ဖို့ချိန်းဆိုထားတဲ့ဆိုင်ကိုလည်းမသွားခဲ့ဘူး ။အဲဒီအစားသူမက အိမ်မှာပဲနေခဲ့ပြီး "အနာဂတ်ရဲ့ကြယ်ပွင့်များအစီအစဉ်ကိုကြည့်ရှုနေခဲ့တယ်။

ရှန်ယန်းပေါ်လာမယ့်အချိန်ကိုစောင့်ဆိုင်းရင်းနဲ့ သူမက ပန်းကန်ကြီးနဲ့ထည့်ထားတဲ့ငှက်သိုက်ကိုသောက်နေခဲ့တယ်။

"အဲဒီရှန်ယန်းက ငါဘာမှလုပ်စရာမလိုဘဲနဲ့ကိုရှုံးနိမ့်သွားလိမ့်မယ် သူမကအထုတ်ခံရမှာသေချာတယ်"

သူမကပြောနေရင်းနဲ့ပဲ နှုတ်ခမ်းထောင့်စွန်းကိုလက်ကိုင်ပုဝါနဲ့အသာအယာသုတ်လိုက်တယ်။

" တကယ်လို့သူမသာအောင်မြင်နိုင်မယ်ဆိုရင် ဟိုးအရင်အချိန်တွေကတည်းက မအောင်မြင်ဘဲနေပါ့မလား "

ကော်ဖီစားပွဲရဲ့အနီးမှာရှိနေတဲ့ အန်တီချင်ကပြောလာခဲ့တယ်။

"သူဌေးကတော် .. မဟုတ်သေးဘူးလေ .. ရှန်ယန်းကအရင်တစ်ခေါက်တုန်းကစင်ပေါ်ကို နောက်ဆုံးမှတက်ရတာလေ အဲဒါကိုတောင်  စကာတင်စာရင်းဝင်သွားသေးတယ် Ah "

"အန်တီချင် ..."

“သူဌေးကတော် ကျွန်မကအမှန်တွေပြောနေတာပါနော် အဲလိုကိစ္စမျိုးကို တခြားလူတွေကိုတောင်ပြောတာမဟုတ်ဘူး "

"အိုး ..."

လီဆွေ့ယွီက အန်တီချင်ကိုအနည်းငယ်လောက်စိတ်ခုသွားပေမယ့် သူမရဲ့ပျော်မှုမှုတွေကတော့ပျောက်ကွယ်မသွားသေးဘူး။ အနည်းဆုံးတော့ အန်တီချင်က ရှန်ယန်းဒီတစ်ဆင့်ကိုလည်းအောင်မြင်လိမ့်မယ်လို့ပြောမသွားခဲ့ဘူးလေ။

အဲဒီနောက် သူမကိုသူမလည်းပြန်လည်ပြီးတွေးတောမိသွားတယ်။ သူမကဘယ်လိုဖြစ်ပြီး တခြားလူတစ်ယောက်ကိုကြည့်ရင်ရင်းနဲ့အချိန်ကိုရေတွက်နေရတာလဲ ။ သူမရဲ့အင်အားကို ထိုနှစ်ယောက်ကရှုံးနိမ့်သွားစေမှာတဲ့လား ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now