(134)
မုရီအန်းက စီးပွားရေးခရီးစဥ်ထွက်ရမှာဖြစ်ပြီး ကုမ္ပဏီရဲ့ နှစ်ပတ်လည်အစည်းအဝေးကို မတက်ရောက်နိုင်တော့ဘူး။ ဒီတော့ မုဟိန်အနေနဲ့ သဘာဝကျစွာနဲ့ပဲ ရှန်ယန်းဆီကို ထပ်မံရောက်ရှိလာခဲ့ပြန်ပြီ။
"မင်း ငါတို့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစည်းအဝေးကို လာတက်လိုက်လေ.. မင်းလည်း လက်တလောမှာ အလုပ် အစီအစဉ်တွေမရှိဘူးမလား”
မုဟိန်က ဖြောင်းဖြလာတယ်။
"ဒါ့အပြင် ရီအန်းသာ အစည်းအဝေးကို မတက်ဘူးဆိုရင် မင်း ရီအန်း အတွက် တက်ရောက်သင့်တယ်လေ"
ရှန်ယန်း ပြုံးပြီး ပြန်ပြောလိုက်တယ်။
"ကျွန်မနဲ့ ရီအန်းရဲ့အကြောင်းကို ဘာတစ်ခုမှ ထုတ်ဖော်မပြောရသေးဘူးလေ.. ကျွန်မသာ နှစ်ပတ်လည် အစည်းအဝေးကို သွားခဲ့မယ်ဆိုရင် ဘာတွေဖြစ်သွားမှာလဲ?"
ရှန်ယန်းက ကြောင်သူတော်တစ်ယောက်မဟုတ်ဘူး။ သူမက မုရီအန်းနဲ့ အတူရှိနေဖို့ ဆုံးဖြတ်ထားခဲ့ပြီဖြစ်တာကြောင့် အတိတ်တုန်းက ကိစ္စတွေကို ဂရုမစိုက်ချင်တော့ဘူး။ ဖြစ်သင့်တာတွေက ဖြစ်လာခဲ့ပြီး လီဆွေ့ယွီကလည်း သူမရဲ့အမှားကို ဝန်ခံထားခဲ့ပြီလေ။
မုမိသားစုက အရင်တုန်းက မုရီအန်းကို အနှောင့်အယှက်မဖြစ်စေဖို့အတွက်
အလွန်အမင်း ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်ဆိုပေမဲ့ အခုချိန်မှာတော့ သူတို့က လူသိရှင်ကြား ထုတ်ပြနဖို့အတွက် မစောင့်ဆိုင်းနိုင်ဘူးဖြစ်နေကြပြီ။ဒါကို ထည့်ပြောလာတော့ မုဟိန်က အလျှင်အမြန်ပြောလာခဲ့တယ်။
"ရှယ်ယာရှင်အဖြစ် တက်လို့ရတယ်လေ!"
ရှန်ယန်း: "ဟမ်?"
မုဟိန်: "ရီအန်းက စာချုပ်ကိုရေးထားခဲ့တယ်.. မင်းသာ လက်မှတ်ထိုးလိုက်သရွေ့ သူ့ပိုင်ဆိုင်တဲ့ ရှယ်ယာတွေက မင်းရဲ့အပိုင်ဖြစ်သွားလိမ့်မယ်..ဒါပေမဲ့ သူက မင်းမလိုချင်လောက်ဘူးလို့ ထင်ခဲ့တာ.. ဒါကြောင့် သူက ဒီလိုအစီအစဥ်မျိုးကိုပဲ ပြင်ဆင်ထားခဲ့တာ.. မင်းသာမေးလိုက်ရင် ရှယ်ယာတွေက အသင့်ရှိနေလိမ့်မယ်.. အဲဒီလိုမျိုးပဲ"
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceAuthor - 桃花引