Chapter -128

7.5K 1K 111
                                    

Unicode
~~~~~~~

အသားဖြူဖြူ အရပ်မြင့်မြင် အမျိုးသမီးအိုမီဂါတစ်ဦးနှင့် အသက် 8 နှစ်အရွယ်သမီးတစ်ယောက် အသက် 3 နှစ်အရွယ်သားတစ်ယောက်တို့သည် အိမ်ဆောင်ထဲ၌ တည်ငြိမ်စွာပင် ထိုင်နေကြတယ် … Mr.ဂျိုးလ်က ဖန်းဂူတို့ကို ထိုအိမ်ဆောင်ထဲသို့ ခေါ်လာခဲ့တယ် … အားလုံးအနားယူပြီးကြပြီမို့ အားအင်ပြန်လည်ပြည့်ဝနေကြပြီ …

" ဟန်နီ "

" ဒါလင် "

ထိုအမျိုးသမီးက ဂျိုးလ်အား အနမ်းဖြင့်နှုတ်ဆက်လိုက်တယ် … မနေ့ကရောက်စက ဂျိုးလ်ရဲ့မိသားစုနဲ့ တွေ့ခဲ့ပေမဲ့ နှုတ်ဆက်စကားပင်မပြောခဲ့ရဘူး … ဒီနေ့တော့ နေ့လည်စာစားရင်း မိတ်ဆက်ပေးရန်ခေါ်လာခြင်းဖြစ်တယ် … သူမက ရှုယွမ်နဲ့လဲအတော်လေး ရင်းနီးပုံပဲ …

" ရှုယွမ် "

" မဒန် "

ပါးချင်းထိကပ်ကာ အနမ်းဖြင့်နှုတ်ဆက်နေကြတယ် … မင်းယွီကတော့ လုယီလေးနဲ့အတူ ခုံပေါ်မှာ ဝင်ထိုင်လိုက်တယ် … ဖန်းဂူကတော့ တည်ငြိမ်အေးချမ်းစွာပင်ရပ်နေတယ်  … သူမကဖန်းဂူသတင်းကိုလဲကြားထားပုံပင် … ဖန်းဂူကိုမြင်တော့ ဖော်ရွှေစွာပင် နှုတ်ဆက်လာတယ် …

" Mr.ရှန်ဖန်းဂူမဟုတ်လား … တွေ့ရတာဝမ်းသာပါတယ် "

ဖန်းဂူကမတုန်မလှုပ်နဲ့ပင် ခေါင်းငြိမ့်ပြလိုက်ပြီး သူမအနမ်းဖြစ်နှုတ်ဆက်မှာကို ငြင်းပယ်လိုက်တယ် … သူကလူတွေနဲ့နီးနီးကပ်ကပ်နေရတာ မနှစ်သက်သူမို့ အနောက်ကခုံပေါ်အမြန်ထိုင်လိုက်တယ် … ထိုအခါ ဂျိုးလ်က သူ့ရဲ့အမျိုးသမီးအားဖက်ကာ မိတ်ဆက်ပေးလာတယ် …

" ဒါကကျွန်တော့အမျိုးသမီး မန်စီယာ "

အနောက်ကကလေး ၂ ယောက်ကိုပါ ညွှန်ပြကာ မိတ်ဆက်ပေးလိုက်တယ် …

" ဒါကကျွန်တော့သမီးကြီး ပရမ်နီ … ဒါက သာလေး ပက်ထရစ် "

၃ နှစ်အရွယ်ကလေးလေးက ခုံပေါ်ကနေအမြန်ဆင်းက ရှုယွမ်ပေါ်ပြေးတက်သွားတာကြောင့် မိခင်ဖြစ်သူက ဝင်တားလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now