Chapter - 131

8.2K 1K 111
                                    

Unicode
~~~~~~~~

ဝင်လာတုန်းက တစ်ယောက်ထည်းမို့အဆင်ပြေပေမဲ့ ထွက်လျှင် ကလေးတွေနဲ့မို့  မမိအောင်ပြေးဖို့ကမလွယ်ဘူး … အပြင်မှာလဲ အဲလက်လ်နဲ့ရှုမန်းစကားများနေပုံရတယ် … ထိုအခြေအနေကို အခွန့်ယူပြီး သူလွတ်အောင်ပြေးဖို့ကြိုးစားရမယ် …

တံခါးရွက်ဟနေတဲ့နေရာကနေချောင်းကြည့်လိုက်တော့ ရှုမန်းလူတွေကလွဲပြီး ကျန်တဲ့သူတွေက သူတို့ကိုကျောခိုင်းထားကြတယ် … ရှုမန်းရဲ့လူတွေက သူတို့ကိုမြင်နေတာတောင်မသိချင်ဟန်ဆောင်နေပြီး သူတို့ကဘယ်သူ့ဘက်ကလဲဆိုတာ သင်္ကေတပါနေ၍ လွှဲမှားနိုင်စရာမရှိဘူး … 

မင်းယွီထွက်ပေါက်ကို အကဲခပ်လိုက်တော့ အနားမှာ ခြုံအကြီးကြီးတစ်ခုရှိနေတာနဲ့ အတွေးတစ်ခုရသွားတယ် … သူက လုယီလေးဘက်လှည့်လိုက်ပြီး …

" သား … ပါပါးပြောတာနားထောင် … ဟိုးကခြုံနားထိခြေသံမကြားအောင်ပြေးပြီးပုန်းနိုင်လား … ပါပါးနဲ့တူတူပုန်းတမ်းကစားတုန်းကလိုလေ "

လုယီလေးကခေါင်းငြိမ့်လာတယ် … မင်းယွီသားလေးကိုအရင်ဆုံးမသွားစေချင်ဘူး … ဒါပေမဲ့ရှေ့ကကလေးတစ်ယောက်သွားပြမှအနောက်ကလဲလိုက်ရဲမှာ … ပရန်နီနဲ့လုယီမှာဆို လုယီကသူ့စကားကို ပိုနားလည်တယ် … လုယီလေးက ချက်ချင်းပဲ တိတ်တိတ်လေးရှေ့ကထွက်ပြတယ် …

ကလေးကသေးပြီး လူတွေအာရုံကလဲ ခေါင်းဆောင် ၂ ယောက်စကားများနေတဲ့ထံရောက်နေ၍ လုယီလေး ခြုံနောက်ရောက်သွားတာမသိလိုက်ကြဘူး …

လုယီလေးက ရောက်တော့ သူ့ပါပါးကို လက်လှမ်းပြတယ် … သူလုပ်နိုင်ပြီဆိုပြီးပျော်နေတဲ့ကလေးလေး … ပရန်နီလေးကလဲ ၂ ခါပြောစရာမလိုပဲ ချက်ချင်း လုယီအတိုင်းပုန်းပြီးထွက်သွားတယ် … ခုဆို ကလေး ၂ ယောက်လုံးလွတ်မြောက်သွားလေပြီ …

သူနဲ့အငယ်ဆုံးလေး ထရစ်ပဲကျန်နေခဲ့တယ် … ထရစ်လေးကတော့တစ်ယောက်ထည်းသွားခိုင်းလို့မဖြစ်နိုင်ဘူး … ခုတောင်ကြောက်ပြီးအတော်လေးကို တုန်နေရှာတာ … မင်းယွီကြိုးစားပြီး အထဲကနေထွက်လာခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now