Chapter - 132

7.8K 1K 113
                                    

Unicode
~~~~~~~~

" မင်း "

" ချန်းဝူယောင်း … ရှန်ဟွှာရန်း "

လွန်လေပြီးသောအတိတ်ကာလက လူတွေကို တဖန်ပြန်ပြီးတွေ့မြင်လိုက်ရသည့်အခါ ပိုင်ယွိဟန် အနောက်သို့ဆုတ်သွားမိလေတယ် … ရှန်ဟွှာရန်း အသက်ရှင်နေသေးမှန်းသိပေမဲ့ မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရချိန်မှာတော့ အတိတ်က ကိစ္စတွေကို မမေ့ပျောက်နိုင်တော့ပါ …

နောက်တစ်ယောက်က သူ့အာ အံ့ဩမှင်သက်သွားစေတယ် … ထိုလူတွင် အဖြူရောင်ဆံနွယ်နဲ့မုတ်ဆိတ်တွေက လူတစ်ယောက်နဲ့မတူလောက်အောင်ပင် မျက်နှာအား ဖုံးအုပ်ထားပေမဲ့ ထိုမိစ္ဆာလိုလူရဲ့မျက်နှာကို ခွေးချီသွားလျှင်ပင်မှတ်မိနိုင်တယ် … ထိုလူကို အသက်ရှင်နေသေးမည်ဟုထင်မထားခဲ့၍ ပို၍အင်အံ့သင့်နေလေတယ် … ထိုလူကတော့ သူ့အားအတိတ်ဆိုးတွေချန်ထားရစ်ခဲ့သူ ချန်းဝူယောင်းပင် …

" ဟား "

သိပ်မကြာခင်မှာပဲ မိစ္ဆာထံက လှောင်ရယ်သံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့တယ် … ရှုမန်းရဲ့အိမ်ကိုဝင်စီးစဉ်က ရန်အာအပါအဝင် ဂိုယောင်းနဲ့ ပိုင်သခင်ကြီးကိုပါ ဖမ်းမိသွားခဲ့ခြင်းပင် …

" ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ … ရှုမန်းဆိုတဲ့ခွေးကောင်လေးက သစ္စာဖောက်မယ်ထင်ထားတာ သူကပျောက်ဆုံးနေတဲ့ငါးအကြီးကြီးကို ဖမ်းမိထားတာပဲ … ဟား … ဘယ်လောက်တောင်ကောင်းလိုက်သလဲ … ငါတို့လူစုံသွားပြီ … ငါ့ရဲ့ project ကြီးအောင်မြင်ပြီကွ … ဟား "

ထိုလူက စိတ်လွတ်နေသည့်အရူးတစ်ယောက်ပမာ အော်ကာရယ်နေတော့တယ် … ဂိုယောင်းနဲ့ကူးမန်အားတစ်တွဲထားပြီး ပိုင်နဲ့ရှန်သခင်ကြီးအား အခန်းတစ်ခုထံခေါ်ဆောင်သွားလေတယ် … အခန်းတွင်း၌ အမုန်းတရားများပြည့်နှပ်နေသည့်အကြည့်တွေနဲ့ ပိုင်သခင်ကြီးက ချန်းအားကြည့်နေပြီး ရှန်သခင်ကြီးက ပိုင်သခင်ကြီးအားအံ့အားသင့်စွာ ကြည့်နေခဲ့တယ် …

ထိုလူတွေဟာ တစ်ချိန်က ခင်ခင်မင်မင်နဲ့ ရှိနေခဲ့ကြပေမဲ့ လျှောက်တဲ့လမ်းချင်းမတူညီတာရယ် အတောမတတ်နိုင်တဲ့ လောဘတွေရယ်ကြောင့် သေကွဲရှင်ကွဲ ကွဲသွားခဲ့ရသူတွေပင် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now