4 (U)

7.6K 796 5
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း (၄)
ကြောက်စိတ်တချို့နဲ့

အကို့လက်ဖဝါးနုနုလေးကို တွဲပြီး မိဘမဲ့ကလေးကျောင်းကနေ ထွက်လာတဲ့အခါ Sister Monica က မျက်ရည်စို့တယ်။ Father က လက်ကိုဝှေ့ယမ်းပြီး နှုတ်ဆက်ပြနေတယ်။ သတ္တနဲ့ ဧကတို့က မနာလိုမုန်းထား အကြည့်တွေနဲ့။ အတိတ်တုန်းကတော့ ကိုစိုင်းလွင် လက်ထဲက လွတ်မြောက်ပြီဆိုတဲ့ အသိနဲ့ပျော်ခဲ့တယ်။ အခုတော့ အကိုနဲ့တွေ့ခွင့်ရတယ်ဆိုတဲ့ အသိနဲ့ပျော်တယ်။

ပျော်တာခြင်းတူပေမယ့် ဒီတခေါက် အကိုနဲ့တွေ့ခွင့်ရတဲ့ အပျော်တွေဟာ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့အထိပါပဲလေ။

ဒီလိုနဲ့.. အကို့ဘ၀ကို ကျွန်တော် နောက်တကြိမ် ပြန်ရောက်လာခဲ့ပြီး အကို့ကိုချစ်ဖို့၊ အကို့စကားတွေကိုနားထောင်ဖို့၊ အကို့အနားမှာ အမြဲတမ်းရှိနေဖို့ ကျွန်တော် ဒုတိယအကြိမ်မြောက် မွေးဖွားခွင့်ရခဲ့တယ်။ နှစ်ခါမြောက် ကံကောင်းခြင်းပေါ့ အကိုရာ။

ကားဘီးဟာ တလှိမ့်ချင်းစီ။ နောက်.. တဖြည်းဖြည်း။ ကျန်ရစ်ခဲ့လေတဲ့ နေရာဟောင်းကို ပြန်လှည့်ကြည့်လိုက်တယ်။ ဒီတခါကတော့ စက်ဆုပ်ရွံရှာခြင်းနဲ့ စွန့်ခွာရသည်မဟုတ်တော့ပေ။ အမုန်းများနဲ့ နာကျင်စရာများနဲ့ နှုတ်ဆက်ခဲ့ရခြင်း မဟုတ်တဲ့အခါ လူဟာ လေထဲမှာ လွှင့်နေသလို..

“ နောက်လည်း အကိုတို့ အတူတူလာလည်ကြတာပေါ့..”

အကိုက သူ့ပုခုံးကို အသာအယာ လာဖက်ပြီး နှစ်သိမ့်တော့ အကို့အကြင်နာများအောက် ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်ရတယ်။ ဒီနေရာကို အတိတ်တုန်းက သေလောက်အောင် မုန်းတီးခဲ့ပေမယ့်.. မီးရှို့ပြာချပစ်ရလောက်အောင် မသတီခဲ့ပေမယ့်.. ဒါတွေဟာ နာကျင်မှုတွေကို မကုစားပေးနိုင်မှန်း သိရပြီးတဲ့နောက် အတိတ်တွေကို မေ့ပျောက်ထားခဲ့တာလည်း ကြာပါပြီ။

ထိထားခွင့်ရတဲ့ အကို့လက်မောင်းသားနုနုလေးက တဆိတ် အေးလွန်းနေလို့ အကို လေစိမ်းမိပြီး ဖျားမှာလောက်တောင် ခေါင်းထဲ မထည့်မိတော့တဲ့အထိပါပဲ။

ခေါင်းထဲမှာ ကိုစိုင်းလွင်လည်းမရှိတော့။ သတ္တနဲ့ဧကလည်းမရှိတော့။ မသတီစရာ နောက်ကြောင်းများလည်း မရှိတော့။ ဘာဆို ဘာမှ မရှိတော့ပဲ သော်..တာ..နိုင် ဆိုတဲ့ နာမည်သုံးလုံးလေးကသာ အစားထိုး ၀င်ရောက်ထားနှင့်တော့တယ်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now