32 (U)

4.2K 472 12
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၃၂ )
အတိတ်ဆီသို့ လမ်းတစ

ရုတ်ချည်းပြောင်းလဲသွားသော ကိုးရဲ့အမူအရာကြောင့် သော်တာနိုင်တယောက် ပါးစပ်အဟောင်းသားလေး ဖြစ်သွားရကာ ကြက်သီးမွှေးညှင်းလေးများ ထလာရသည်။ ကိုးက သော်တာနိုင် နားရွက်လေးနားဆီအထိ တိုးကပ်သွားပြီး လေသံလေးဖြင့်သာ ခပ်တိုးတိုး ပြောလိုက်သည်။

“ ပြန်ပြောပါအုံးဆို..”

ထိမတတ် ပူးကပ်နေသော ရင်ဘတ်နှစ်ခုထံမှ ရင်ခုန်သံများသည်လည်း တဖက်နှင့်တဖက် အပြိုင်အဆိုင် ဆူညံနေကြသည်။ ကိုးရဲ့နှုတ်ခမ်းလွှာလေးက သော်တာနိုင့်နားရွက်အဖျားလေးအား မထိခလုတ် ထိခလုတ်ဖြင့် ပွတ်တိုက်နေရင်း ကလူကျီစယ်နေလေသည်။

“ ခဏဖယ်ပါအုံးကွာ..”

သော်တာနိုင်က ကိုးကို ရင်ဘတ်ကနေ တွန်းလိုက်သောအခါ ကိုးက ထိုတွန်းလိုက်သောလက်ကနေတဆင့် သော်တာနိုင့်တကိုယ်လုံးအား ဆွဲယူပြီး နံရံမှာကပ်ထားကာ ခန္ဓာကိုယ်ဖြင့် ဖိထားလိုက်တော့သည်။

“ ဒီလိုတွေလုပ်နေမယ်ဆိုရင် ကျွန်တော် သည်းမခံနိုင်တော့ဘူးနော်..”

နောက်ကျောဘက်မှာ နံရံနှင့် အရှေ့ဘက်မှာ ကိုးရဲ့ရင်အုပ်ကြီး။ တောင့်တင်းခိုင်မာနေသော ဒီအရာနှစ်ခုကြား သော်တာနိုင်မှာ မလှုပ်သာမလူးသာ။

စမှန်းသိရဲ့နဲ့ ဒီကောင်ကတော့..

ကိုးရဲ့လည်မျိုအား လက်တဖက်တည်းဖြင့် ညှစ်လိုက်ရင်း..

“ ကိုယ့်ထက်အကြီးကို ခြိမ်းခြောက်နေတာလား..”

“ အကိုက ကျွန်တော့်ကို လာလာဆွနေတာလေ..”

လည်မျိုအညှစ်ခံနေရသည့်ကြားမှပင် ကိုးက ရှေ့ဆက်တိုးလာကာ သော်တာနိုင့်နှုတ်ခမ်းတွေကို လျှာဖြင့် ခပ်ဖွဖွ လျက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းနှစ်လွှာသည် စိုစွတ်နွေးထွေးသွားရကာ စုပ်ယူနမ်းရှိုက်ခံနေရလေပြီ။ ရင်တသိမ့်သိမ့်တုန်စေသော ဒီအနမ်းများကို တုန့်ပြန်နေရင်း.. နေ့ခင်းကြောင်တောင် အခန်းထဲ နမ်းနေရသည်ဟူသော အတွေးက သော်တာနိုင့်အား ဇောချွေးပြန်စေသည်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now