ဇာတ်ကောင်များနှင့် အင်တာဗျူးခြင်း ၁
မေးခွန်း - သော်တာနိုင့်ကုတင်အောက်က မြေအိုးပိုင်ရှင်က ဘယ်သူပါလဲ..
ကိုး ၂ - ကျွန်တော်ပါ..
ကိုး ၁ - အဲ့မြေအိုးကို ငါ့ကိုပေးစမ်း.. ကနွဲ့ကလျကောင်
ကိုး ၂ - အံမာ.. မင်းနဲ့ဘာဆိုင်လဲ.. ဒါ ငါကိုယ်တိုင်ပေးထားတဲ့ အကို့ကို ပေးထားတဲ့ ငါ့ကံကြမ္မာကွ
ကိုး ၁ - ငါ့အိမ်ခြံနောက်ဖေးဝင်းထဲ လူမသိသူမသိ အရှင်လတ်လတ် မြေမြှုပ်မခံချင်ရင် သော်တာနိုင့်အနားက ဝေးဝေးနေ..
ကိုး ၂ - မင်းကြောင့် အကို လန့်သွားဦးမယ်.. အော်မနေနဲ့
ကိုး ၁ - ကုတင်ပေါ်မှာဆို သူကချည်း အော်နေတာ.. စောက်ဖြစ်မရှိတဲ့ကောင်က စောက်ကဲလာပိုပြမနေနဲ့..
ကိုး ၂ - ခွေးတိရိစ္ဆာန်ကောင်
ကိုး ၁ - ချိုချဉ်စားပြီး လင်ဆာနေတဲ့ကောင်..
.....
မေးခွန်း - ကိုး ၁ နဲ့ ကိုး ၂ တို့ မြေအိုးတလုံး လုရင်း ရန်ဖြစ်နေကြတာ ကိုသော်တာနိုင် သိပါသလား။
သော်တာနိုင် - ဗျာ.. ကိုး ၁ နဲ့ ကိုး ၂ ဆိုတာက ဘယ်သူတွေလဲ.. ရန်ဖြစ်တာတော့ မဖြစ်နိုင်ဘူးဗျ.. ကိုးက ရန်မဖြစ်တတ်ပါဘူး.. မျက်ဆံအညိုနဲ့ ခပ်ချောချောကောင်လေးကတော့ ကျွန်တော့်အိမ်က ညီငယ်လေးပါ..
နွေဦးငယ် - ဒီဘက်က ကြက်ပေါင်ဖိနပ်စီးထားတဲ့ အကိုကိုးကတော့ သမီးကို တံတောင်ဆစ်နဲ့ ဘလိုင်းကြီး တိုက်ခိုက်သွားတယ်..
သော်တာနိုင် - မဟုတ်ပါဘူး နွေဦးရဲ့.. မတော်တဆ တိုက်မိတာပါ.. ကိုးက အဲ့လိုမဟုတ်ပါဘူး..
၁၆ ကျောင်းမှ သူငယ်တန်းကျောင်းသူလေး - အဲ့အကိုကြီးပဲ သမီးကိုလည်း ဆံပင်ဆောင့်ဆွဲသွားသေးတာ..
သော်တာနိုင် - မဖြစ်နိုင်တာ.. ကိုးက ဒီလောက်လိမ္မာတာ.. အဲ့လိုတွေမလုပ်တတ်ပါဘူး.. ညီမလေး လူမှားတာနေမယ်..
.....
(Z)
ကိုး ၂ - ကျွန်တော်ပါ..
.....
