လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၃၀ )
နှီးနှောစပ်ယှက်ခြင်း (၂)" မင်းက... ဆိုးတယ်.."
နှစ်ယောက်သား ဘေးချင်းယှဉ် လဲအိပ်ကာ အမောဖြေနေစဉ် သော်တာနိုင့်ဆီ နှုတ်ခမ်းဖျားမှ စိတ်ထဲကမပါသော ငြူစူသံသေးသေးလေး မပွင့်တပွင့် ထွက်ကျလာသည်။
" ဟုတ်လား.. ဘယ်လိုဆိုးတာလဲ.. ပြောပါအုံး.."
သော်တာနိုင့်နဖူးပြင်မှ စိမ့်ထွက်နေသော ချွေးသီးချွေးပေါက်လေးများအား ကိုးက လက်ဖနောင့်ဖြင့် ဖွဖွလေး ဖိသုတ်ပေးရင်း မေးလိုက်သည်။
" အကို့ကို ပြီးသွားအောင် လုပ်ပစ်တာလေ.. အခု မင်းကျတော့ရော ဘယ်လိုလုပ်မလဲ.."
အားသန်သန်၊ မာန်မကျသေးပဲ နိုးထနေဆဲ သူ့အငယ်ကောင်အား ရည်ညွှန်းပြောဆိုနေသောကြောင့် ကိုးက အရေးမပါသည့်ဟန်ဖြင့်..
" ခဏနေမှ.. အိမ်သာထဲ သွားလုပ်လိုက်မယ်.."
ရုတ်တရတ် သူ့နားထင်မွှေးများအား ဗြုတ်ခနဲ ဆောင့်ဆွဲဖြုတ်ခံလိုက်ရသည်။ မျက်ရည်ဝိုင်းမတတ် နာကျင်သွားရပြီး ထမအော်မိအောင် ကိုယ့်လျှာကို ပြန်ကိုက်ထားရလေတော့သည်။ သော်တာနိုင်က လက်ထဲပါလာသည့် ကိုးရဲ့နားထင်မွှေးများအား လွှင့်ပစ်လိုက်ကာ..
" ဒီမှာ လူတယောက်လုံးရှိတာတောင် မင်းက ဘယ်သူ့ကိုမှန်းပြီး သွားလုပ်ချင်နေသေးတာလဲ.."
" ဟောဗျာ.. အကို နာမှာစိုးလို့ပါဆိုနေ.."
" နာတယ်ဆိုရင် ဘာလို့ ယောကျာ်းချင်း လက်ထပ်ပြီး ဒါတွေလုပ်နေကြတော့မှာလဲ.."
" မတူဘူးလေ.. ဒါမျိုးကိစ္စက ခုလိုချင် ခုလုပ်လို့ရတာမှမဟုတ်တာ.. ပြီးတော့ ဒါက အကို့ပထမဆုံးအကြိမ်ဖြစ်မှာ.. အန္တရာယ်များတယ်.. အကိုရ.."
ကိုးဧ။် အမှန်တကယ် စိုးရိမ်ရိပ်သန်းနေသည့် စကားများကြောင့် သော်တာနိုင် ဆက်မပြောတော့ပဲ ကိုးဘက်ကို လှည့်ကြည့်လာလေသည်။ ကိုးရဲ့ပါးလွှာလှပသော နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်မှာ သူ့ဆီက ထုတ်လွှတ်ထားသည့် အချစ်လက်ကျန်များ ပေကျံနေပြီး ညှီစို့စို့ အနံ့အသက်များလည်း မွှန်ထူနေသေးသည်။ မိန်းမောရီဝေနေသော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသည့် အခိုက်အတန့်တွင် သော်တာနိုင် အသက်ရှုအောင့်ထားလိုက်မိသည်။