23 (U)

4.3K 509 18
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၃ )
တိုက်ခတ်လေသော မုန်တိုင်း

သော်တာနိုင့်ခမျာ မျက်နှာတပြင်လုံးနဲ့ နားရွက်ဖျားတွေ နီရဲတက်လာပြီး အိုးကို မ,မ နိုင်ဟန်နဲ့ လက်လွှတ်ချလိုက်သည်။ ထို့နောက် ကြောင်တောင်တောင်ဖြစ်နေဆဲ ကိုးကို တချက်ကြည့်ကာ အိမ်ထဲသို့ ပြေးဝင်သွားလေတော့သည်။

တဒိန်းဒိန်း ခုန်နေသော ရင်ခုန်သံများအား ကိုး မကြားနိုင်အောင် ဝေးနိုင်သမျှ ဝေးဝေးပြေးချင်မိသည်။

ဒါ တခုခု မှားယွင်းနေလေပြီ။ ဘယ်လိုကနေ ဘယ်လိုဖြစ်လို့.. ဒီကောင်လေးအပေါ် သူ ရင်ခုန်နေရတာတဲ့လဲ။ နေပူပူကို ခန္ဓာကိုယ်နဲ့ ကာရပ်ပေးခဲ့လို့လား။ ချိုချဉ်ခွံတွေ စုသိမ်းထားတဲ့ စုဗူးကြောင့်လား။

ဒါမှမဟုတ်.. နားမလည်နိုင်တဲ့ ကိစ္စတွေနဲ့ ကောင်လေးတယောက်မို့ သူ့စိတ်ထဲ အရင်ကတည်းက စိတ်ဝင်စားခဲ့မိတာများလား။

ရင်ခုန်ခြင်းသာ မှန်ကန်ပါက.. သူက ဂေး တယောက် ဖြစ်လာမှာလား။

အခန်းပြတင်းပေါက်ကနေတဆင့် တိုးဝင်လာတဲ့ လေနုအေးအေးလေးကတောင် သူ့ပူလောင်မှုတွေကို မငြိမ်းသတ်နိုင်ပါ။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒီအချိန်ထိ တိမ်းစောင်းခြင်းမရှိစွာ ဖြောင့်တန်းနေခဲ့တဲ့ လိင်ခံစားချက်တွေက ဘယ်လိုလုပ် သူ့ထက် တနှစ်ငယ်တဲ့ ဒီကောင်လေးတယောက်ကြောင့် ကွေးသွားရမှာတဲ့လဲ။

သူများတွေက သွေးမတော် သားမစပ်ရင် ညီမဟုတ်ဘူး၊ အလုပ်သမားပဲလို့ ပြောခဲ့ကြတုန်းကတောင်.. သူ ကာကွယ်ပေးခဲ့သေးတာလေ။ သူ့စိတ်ထဲမှာ ကိုးကို ညီလေးလို့ သတ်မှတ်ခဲ့တာပဲ မဟုတ်လား။ သူစိမ်းတယောက်ဆိုပေမယ့် ညီလေးလို့ သတ်မှတ်ထားရင် ကိုးက သူ့ညီလေးပဲ။

ဒါကို စည်းကျော်ပြီး သဘာဝကိုဖောက်ပြန်လို့ ဘယ်လိုလုပ်ရမှာတဲ့တုန်း။ ဒီလိုမဟုတ်က ဟုတ်ကတွေ ဖြစ်နေရင် သူ လူမှဟုတ်ပါဦးမလား။

သော်တာနိုင်တယောက် ကိုယ့်ကိုကိုယ် ဆုံးမလိုက်ကာ ခေါင်းကိုခါယမ်းလိုက်မိသည်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now