Extra 3 (U+Z)

4.4K 397 16
                                    


Extra 3

နှစ်ယောက်သား တွေ့ဆုံခြင်းဟာ မှားယွင်းခဲ့ပါလျှင်..

ကိုယ့်စိတ်ကိုဆောင်ပြီး ရှေ့ဆက်ကြနိုင်ကောင်းရဲ့။

ခုတော့ဖြင့် မရေတွက်နိုင်သော စောင့်ဆိုင်းခြင်းတွေ ရှိသတဲ့။

.....

နစ်ကျွံဝင်နေပြီဖြစ်သော ခြေ၊လက်တို့ကို ကျွန်တော် အားကုန်သုံးပြီး ရုန်းပစ်လိုက်မိတယ်။ မဲမှောင်နေတဲ့ အငွေ့တွေဟာ အလုအယက်ပဲ ကျွန်တော့်ကို တစစီ ဆွဲဖြဲပစ်ချင်နေကြတယ်။

ဘယ်လိုမှ ရုန်းကန်လို့ မရတော့တဲ့အဆုံး အသက်ရှူတွေပါ ကျပ်လာရတော့တယ်။

ကျွန်တော် လက်လျှော့လိုက်ရတော့မလား..

" အကိုကလေ.. မင်းကို အိမ်ပြန်လာစေခဲ့ချင်တာ.. အကို ဖုန်းဆက်တိုင်း ဖုန်းလိုင်းမမိတဲ့ မင်းရဲ့ ဖုန်းနံပါတ်လေးကို မေးလို့ရရင် မေးကြည့်စမ်းပါ ကိုးရာ.. မင်း မေးကြည့်လိုက်စမ်းပါကွာ.."

ကိုသော်တာ့ငိုသံတွေကို ပီပီပြင်ပြင် ကြားနေရတော့ ကျွန်တော်ပါ လိုက်ငိုချင်မိတော့တာပါပဲ။

အကိုကလေ.. ကျွန်တော့်ကို စောင့်နေတာတဲ့ဗျာ။ သူတို့ကိုမုန်းလွန်းလို့ အိမ်ကနေ ထွက်ပြေးသွားတဲ့ ဒီကောင့်ကို စောင့်နေရှာတာပါတဲ့။

" မင်း အိမ်ကိုပြန်လာတိုင်း ဒဏ်ရာတခုမဟုတ်တခု ပါလာရင်.. သွေးထွက်သံယိုတွေ ဖြစ်လာရင်.. အကို့ရင်ထဲ ဘယ်လောက်ဗလောင်ဆူခဲ့ရသလဲ မင်းသိရဲ့လား.. စိတ်တိုတိုင်း ထစ်ခနဲဆို လက်ပါတတ်တဲ့ မင်းကို အကို့ဘေးနားမှာထားပြီး ဘာပြသနာမှမဖြစ်အောင် ကာကွယ်ပေးချင်ခဲ့တာပါကွာ.."

တစစ ဆွဲနှစ်ခံနေရတဲ့ ဒီအမှောင်ထုထဲမှာ တစွန်းတစ ကြားနေရတဲ့ အကို့ရင်ဖွင့်သံတွေ။

ဟင့်အင်း.. ကျွန်တော် လက်မလျှော့ချင်ဘူး..

" မင်းကို စိတ်ပူလွန်းလို့ တတွတ်တွတ်ပြောမိတဲ့ ဆုံးမစကားတွေကို မင်း မကြိုက်ဘူးဆိုတာ သိပါတယ်.. မင်း မကြိုက်မှန်း သိသိကြီးနဲ့ အကို ပြောနေမိတာက မင်းကို စိုးရိမ်လို့.. စိတ်ပူလို့.."

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now