18 (U)

4.7K 506 22
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၈ ) ဒီလမ်းကိုပဲ ထပ်လျှောက်မယ်

အကို.. ကြုံရာဆုံရာ လူ့လောကကြီးထဲမှာ ကျွန်တော် နားမလည်နိုင်တဲ့ကိစ္စတွေကလည်း အများသားဗျ။

လူသားတယောက်ရယ်လို့ အကုန်တန်းတူညီတူ တပုံစံတည်း မွေးဖွားလာရတာတောင် ဘာလို့များ ကျွန်တော်က နိုင့်ထက်စီးနင်း အပြုမူခံရတာလဲ။ မိဘကို ရွေးချယ်ခွင့်မရှိတဲ့ သားသမီးတယောက်ရဲ့ ဘဝ၊ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်နဲ့ဖန်တီးခွင့်မရှိတဲ့ဘဝ။ ဒါတွေဟာ ကျွန်တော်နဲ့ အသားကျနေပါပြီ။

ဒီလိုဆိုရင်တောင် အထွန့်လေးတက်ပါရစေ။

ဟောဒီကျွန်တော့်တကိုယ်ရည်တကာယ ဖြစ်တည်မှုလေးတခုကိုတောင် ဘာလို့ ကျွန်တော် မပိုင်ရတာလဲ အကို။ ကျွန်တော်ဟာ မတရားခံရတာပါလို့ ဘာလို့များ တိုင်ကြားစီရင်ပိုင်ခွင့် မရှိရတာလဲ။

သိပ်လွယ်.. သိပ်ကိုလွယ်တယ်။ ကံကြမ္မာကို သဘောတူညီချက်မပါပဲ မြေအိုးတခုထဲ ထည့်ရောင်းစားခံရသတဲ့။

ကိုးက မိဘမဲ့လေးမို့၊ ကိုးက အားကိုးစရာလူမရှိလို့။ အဖူးအညွှန့်တွေ တလူလူတက်နေတဲ့ မိကောင်းဖခင် သားရတနာလေးတယောက်ရဲ့ မကောင်းတဲ့ကံတွေကို ကိုယ်စား ခါးစည်းဒဏ်ခံ.. နင့်ထိုက်နဲ့နင့်ကံ.. တဲ့။

ဒီမြေအိုးလေးထဲ ပါသွားတာ.. ကျွန်တော့်ကံတရားတွေတင် မဟုတ်ဘူး။ စိတ်နှလုံးသားနဲ့ အနာဂတ်တခုလုံး။

မငိုပါနဲ့ အကို.. ခင်ဗျားက အသာကြီးပါ။

ကုတင်ပေါ်မှာ ငူငူငိုင်ငိုင်ကြီး ထိုင်ကာ မျက်ရည်တွေစီးကျနေတဲ့ အကို့ကို စိတ်ပေါက်ပေါက်နဲ့ တွန်းလှဲပစ်လိုက်သည်။ အားမရှိတဲ့ ဒီလက်မောင်းလေးတွေ၊ ဒီခြေထောက်လေးတွေက ဘယ်လိုလုပ် သူ့အားအင်တွေကို နိုင်အောင် ရုန်းကန်နိုင်မှာတဲ့လဲ။

သူ့ရင်ခွင်ကျယ်ကြီးအောက်မှာ လွန့်လူးနေတဲ့ အကို့ကို သူ သိပ်တပ်မက်တာပဲ။

ကျွန်တော့်အတွက် တဏှာအာသာဆန္ဒဆိုတာ ခြောက်သွေ့နေတဲ့ သစ်ငုတ်တိုကြီးလို။ ဘယ်သူ ဘယ်လိုနိုးဆွ နိုးဆွ.. ရှင်သန်မလာခဲ့ဘူး။ ကိုယ့်ကိုယ်ကို မစွမ်းဆောင်နိုင်တဲ့ယောကျာ်းလိုတောင် ထင်ခဲ့မိတဲ့အထိ.. မီးသေလွန်းတယ်။ အာ့ဟောက်တို့ သွားတတ်တဲ့ ပြည့်တန်ဆာနေရာမျိုးတွေလည်း လိုက်သွားဖူးတယ်။ အလှောင်ရယ်ခံရရုံနဲ့ပဲ ကျွန်တော် ပြန်လာရတာများပါတယ်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now