Extra 10 (U+Z)

7.7K 490 31
                                    

Extra 10

တကယ်တော့..

အမုန်းလို့ထင်ထားတဲ့ အချစ်၊

တဖတ်သတ်လို့ ထင်ထားတဲ့

တိတ်တခိုးမေတ္တာသာဖြစ်တယ်။

…..

“ ချစ်တယ် ကိုး..”

မောင်းကွင်းဆင်တူလက်စွပ်လေးဟာ ပွဲလမ်းသဘင် အခမ်းအနားနဲ့ ချီးမြှင့်ထောပနာပြုတဲ့ ဧည့်ပရိတ်သတ်တွေမပါပဲ နှစ်ကိုယ်တူ သစ္စာဆိုရင်း အကိုနဲ့ ကျွန်တော့်ရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ နေရာယူကြတယ်။

ကျွန်တော်တို့ လက်ထပ်တဲ့အချိန်မှာ အကိုက ၄၂ နှစ်၊ ကျွန်တော်က ၄၁ နှစ်။

ဒီအချစ်တွေက ဆယ်ကျော်သက်အရွယ်တုန်းကလို နုပျိုနေဆဲ။

ဒီအကြင်နာတွေက ဟိုအရင်တုန်းကလို ရင်သိမ့်လှိုက်မောဖွယ် ကောင်းနေဆဲ။

ဆံနွယ်တွေ အဖြူဘက် သန်းလာတဲ့တချိန်ကျ.. ကျွန်တော်တို့ တယောက်ကိုတယောက် ဆေးဆိုးပေးကြမယ်။ ဒူးနာခါးနာနဲ့ အရိုးအဆစ်တွေ နာကျင်လာတဲ့တချိန်ကျ.. ကျွန်တော်တို့ တယောက်ကိုတယောက် ဆေးလိမ်းပေးကြမယ်။ အားရှိတဲ့အစားအစာတွေ စားရတာ ငြီးငွေ့လာတဲ့တချိန်ကျ.. လူငယ်တွေစားတဲ့ အစားအသောက်တွေ အတူတူမြည်းစမ်းကြည့်ကြမယ်။

ကျွန်တော်က အာ့ဟောက်နဲ့ အတူ ငွေရှာရင်း စွန့်စားခဲ့ရတဲ့ ဇာတ်ကြောင်းတွေ ပြန်ပြောပြတဲ့အခါ.. အကိုက ပါးစပ်လေးအဟောင်းသားနဲ့ ရင်ထုမနာ နာကျင်ရှာလိမ့်ဦးမယ်။

အကိုက ဒီအိမ်မှာ ကျွန်တော့်ပြန်အလာကို စောင့်ခဲ့ရပုံတွေ၊ ကျွန်တော်ပြန်လာတဲ့အခါ ပြန်မသွားဖို့ကို မတားဝံ့နိုင်တဲ့အကြောင်းတွေ ပြန်ပြောပြတဲ့အခါ.. ကျွန်တော်က အကို့လက်လေးကို မချင့်မရဲ ဖျစ်ညှစ်ဆုပ်ကိုင်မိလိမ့်ဦးမယ်။

နောင်တတွေနဲ့ ကျွန်တော့်ကို နောင်တတွေနဲ့ အကိုက ချော့မယ်။

နောင်တတွေနဲ့ အကို့ကို နောင်တတွေနဲ့ ကျွန်တော်က ထွေးပွေ့ပေးထားမယ်။

နောင်တခြင်း ချေဖျက်လိုက်တဲ့အခါ ကျွန်တော်နဲ့ အကို့ကြားက မသိခဲ့လိုက်ရတဲ့ အချစ်တွေကို မလေးမစား တန်ဖိုးမထားရာ ရောက်မှာစိုးလွန်းလို့ တဖွဖွနဲ့ နောင်တထပ်ရကြမယ်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now