Extra 6 (U+Z)

4.1K 374 8
                                    


Extra 6

ဒီလမ်းပေါ်မှာ လရောင်ဖြာနေသရွေ့..

ဒီကောင်းကင်ပေါ်မှာ လမင်းသာနေသရွေ့..

ဒီကမ္ဘာထဲ အကိုရှိနေသေးသရွေ့။

…..

ဒီနေ့ အကို ကျွန်တော့်ဆီကို ရောက်မလာသေးဘူး။

နေ့တိုင်းနေ့တိုင်း.. အကိုက ကျွန်တော့်ဆီ လာတယ်၊ ကျွန်တော့်ကို စကားတွေပြောတယ်၊ ကျွန်တော့်ခန္ဓာကိုယ်ကြီးကို အကိုကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးရင်း အမှတ်တရတွေနဲ့ အတိတ်အကြောင်းတွေ ပြန်ပြန်ပြောပြီး တခါတလေ ငိုတယ်၊ တခါတလေ ရယ်တယ်။

ကျွန်တော်လည်း အကိုနဲ့အတူ လိုက်ငို၊ လိုက်ရယ်ရင်း အကို့ကိုမြင်ချင်၊ တွေ့ချင်လွန်းလို့ နိုးထလာဖို့ ကြိုးစားခဲ့တာလည်း အချိန်တိုင်းပါပဲ။

ဒီနေ့တော့ ထူးထူးဆန်းဆန်း အကို ကျွန်တော့်ဆီ ရောက်မလာခဲ့ဘူးလေ။

ကိုသော်တာတယောက် ဒီခန္ဓာကိုယ်အသေတပိုင်းကြီးကို လက်လျှော့လိုက်ချင်ပြီလား။ ကျွန်တော့်ကို ထပ်မစောင့်ချင်တော့ဘူးလား။ ငြီးငွေ့လာပြီလား။

ဒီလိုအတွေးတွေနဲ့ ကျွန်တော် ပူလောင်လာရသလို.. အကို ကျွန်တော့်ကို ဘယ်တော့မှ စွန့်ပစ်မသွားဘူးဆိုတာကို တထစ်ချ ယုံကြည်စိတ်တွေနဲ့ ပူလောင်မှုတွေကို ငြိမ်းသတ်ရပြန်တယ်။

ဒါပေမဲ့.. အကိုကတော့ ကျွန်တော့်ဆီကို ရောက်မလာခဲ့ပါဘူး။

အကိုက ဟိုအရင်အတိတ်ကအကြောင်းတွေကို ပြန်သိနေပြီဆိုတော့.. ကျွန်တော် လုပ်ခဲ့တာတွေကို ပြန်သတိရပြီး ကျွန်တော့်ကို မုန်းများမုန်းသွားတာလား။

မဖြစ်နိုင်တာ.. အကိုက ပြောတယ်မဟုတ်လား.. အကိုလည်း ကျွန်တော့်ကို အရင်ကတည်းက ချစ်ခဲ့တာပါလို့လေ။ ကျွန်တော် အိမ်ပြန်လာမယ့်အချိန်ကိုပဲ စောင့်နေခဲ့တာပါလို့လေ။

ဒါဆို အကို တခုခုများဖြစ်နေသလား။ နေများမကောင်းနေတာလား။ အိမ်ကိုရော ပြန်ရောက်ပြီလား။

စိတ်ထဲထင့်နေတုန်း.. ဝုန်းဆို အသံကြီးနဲ့ အိမ်တခုလုံး တသိမ့်သိမ့်တုန်သွားတာကို ခံစားလိုက်ရတယ်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now