Chapter - 133

8K 1K 105
                                    

Unicode
~~~~~~~~

တရားမဝင် လက်နတ်ကိုင်အဖွဲ့အစည်းတစ်ခုက မြို့ထဲဝင်ပြီး တိုက်ခိုက်ခဲ့လျှင် ဒါဟာ စည်းကိုဖောက်ဖျက်၍ ပုန်ကန်မှုမြောက်တယ် … ချန်းက အဖွဲ့အစည်းကြီးကြီးတစ်ခုဖြစ်ပြီး သူ့လက်အောက်ခံအရာရှိတွေမှ မနည်းမနောပဲ … ဖန်းဂူက ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်နေ၍ လွတ်လပ်စွာလှုပ်ရှားလို့မရနိုင်ဘူး … သူ့ရဲ့ဘေးမှာ အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတယ် …

သူစတင်လှုပ်ရှားတော့ မိခင်ကိုသတင်းပေးလိုက်တယ် … မိုနန်းရဲ့ လျှို့ဝှက်အဖွဲ့အစည်းဟာ ဖန်းဂူသွားမဲ့လမ်းကြောင်းကို ကူပြီးရှင်းပေးထားတယ် … ဒီလိုနဲ့ တိုက်ပွဲ ၂ ရက်မြောက်မှာ ဖန်းဂူအတားအစီးတွေကိုကျော်ဖြတ်ပြီး ချန်းရဲ့ပင်မအသိုက်အအုံထံရောက်ရှိလာခဲ့တယ် … သို့ပေမဲ့ သူ့ထက်ဦးစွာရောက်ရှိနေတဲ့ အဖွဲ့အစည်းတစ်ချို့ရှိနေတယ် … ထိုလူက ပတ်ဒိုမင်းနဲ့ရှားမေ့တို့ပင် …

လူအင်အား ၂၅ ယောက်လောက်ရှိမဲ့ အရာရှိအုပ်စုက Lion ကိုလဲမြင်ရော သူတို့ရဲ့လုံခြုံရေးအတွက် သေနတ်ပြောင်းအား ဖန်ဂူထံလှည့်လာကြတယ် … ဖန်းဂူက အင်အားတောင့်ပေမဲ့ သူ့အဖွဲ့တွေကိုပေါ်ပေါ်ထင်ထင် လှုပ်ရှားဖို့ ခွင့်မပြုထားဘူး … ခုအားလုံးအရှေ့မှာ ရှိနေတာက Lion နဲ့ချူရှန့် ရှန်ဝေတို့ သုံးဦးသာ …

" ရှန်ဖန်းဂူ … မင်းကဒီကို ဘာကိစ္စရောက်လာတာလဲ "

အသံမာမာနဲ့ မေးလာသူက ဖန်းဂူတစ်ခါမှပင် မမြင်တွေ့ဖူးသည့် လူတစ်ဦးကပင် … ထိုလူတွေကို သူအရေးလုပ်စရာမလို၍ ရှောင်ဖယ်ကာ သွားမည်လုပ်တော့ သူ့ရဲ့အရှေ့ကနေ လာပိတ်ရပ်ပြီး တော်တော်လေး မြောက်ကြွကြွနိုင်စွာ ပြောလာပြန်တယ် …

" မင်းကိုယ်မင်း ဘာထင်နေလဲ … ခုချိန်ထိ ရှန်ဟွှာအမှုကမပြီးသေးဘူး … မင်းကမြို့ထဲကို သွားချင်တိုင်းသွား လာချင်တိုင်းလာလို့ရမယ်ထင်နေလား … မင်းကိုဖမ်းဖို့  … "

ဖန်းဂူ ဘာတစ်ခွန်းမှမဆိုပဲ ထိုလူအားစိုက်ကြည့်လိုက်တော့ အနည်းငယ်ကြောက်ရွံ့သွားကာ အနောက်သို့ဆုတ်ခွာသွားတယ် … ဘယ်လိုပဲဖြစ်ဖြစ် သူရန်ရှာနေသူက Lion ဆိုတာမေ့ထားလို့မရဘူး … ရေပေါ်မှာ ခန္ဓာကိုယ်ပေါ်နေပေမဲ့ ရေအောက်မှာလက်တွေအများကြီးဝှက်ထားတဲ့ ရေဘဝဲလိုလူမျိုး … ဘယ်အချိန် သူ့ရဲ့လည်မျိုကို ထိုလက်တွေကလာရစ်ပတ်မလဲ မသိနိုင်မှန်း ထိုလူသဘောပေါက်၍ သူ့ရဲ့မြောက်ကြွကြွနိုင်မှုအား ဖန်းဂူအကြည့်တစ်ချက်အောက်မှာ အလျော့ပေးလိုက်ရတယ် … ဒါတောင် သိပ်ပြီး ကျေနပ်ပုံမရသေးပေ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now