အခန်း ၁- ဝေမိသားစုအိမ်ကို မသွားချင်ဘူး

6.5K 667 4
                                    

UNICODE

အမှောင်ထုထဲတွင် အလင်းတန်းတစ်ခုက ဘေးပတ်ပတ်လည်တွင် လင်းသွားတဲ့အထိ တဖြည်းဖြည်း လင်းလာသည်။

"Wow" ထန်းမို အံ့အားသင့်သွားသည်။

နေပါဦး ငါလေးက ဘယ်လိုလုပ်ပြီး ကလေးငိုသံထွက်နေရတာလဲ

နည်းနည်းလောက်ကြာပြီးမှ ထန်းမို သတိရသွားသည်။ သူမလေး လူပြန်ဝင်စားတာပဲ

သူမရဲ့အရင်ဘဝကတော့ နှင်းတွေဖွေးနေတဲ့ တောင်မှာ ၉၉၉ နှစ် ၃၆၄ရက်တိုင်အောင် လေ့ကျင့်ရတဲ့ နှင်းနတ်သမီးလေးပါ... လူအသွင်ပြောင်းနိုင်ဖို့အတွက် တစ်ရက်ပဲ ကျန်တော့သည်။ ဒါပေမယ့် အဲ့နေ့ သူမရဲ့ ဆရာသခင်မရှိချိန်မှာ သူမ‌ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။ ဆရာသခင်က သူမလေးကို ပြန်လုလိုက်နိုင်ပေမယ့် လူ့အသွင်ပြောင်းဖို့ အခွင့်အရေးကတော့ ဆုံးရှုံးလိုက်ရသည်။ ဒါကြောင့် သူမရဲ့ဆရာသခင်က ပြန်လည်မွေးဖွားဖို့ လူ့လောကဆီလွှတ်လိုက်တာဖြစ်သည်။

ဘယ်လောက်ကြာကြာ လူးလှိမ့်နေမိလဲဆိုတာ သူမ မသိပေမယ့် နို့နံ့သင်းသင်းနဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုကိုတော့ သူမ သိနေသည်။

"ထန်းမို... အခုကစပြီး သမီးလေးကို ထန်းမိုလို့ခေါ်မယ်နော်" ထန်းမော့ကြည့်လိုက်တော့ သူမကို ထွေးပွေ့ထားရင်း ညင်သာစွာ စကားပြောနေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

ထန်းမိုက အံ့အားသင့်စွာနဲ့ သူမလက်သေးသေးလေးတွေကို ဝှေ့ယမ်းနေသည်။ အရင်ဘဝ သူမ နှင်းနတ်သမီးလေးဖြစ်စဉ်ကလည်း သူမနာမည်အတွက် သူစဉ်းစားပြီးတော့ ထန်းမိုလို့ပဲ ခေါ်တွင်ခဲ့သည်။ လူ့အသွင်ပြောင်းတာနဲ့ အဲ့နာမည်ကို သုံးမယ်ဆိုပြီး လုပ်ခဲ့တာ

လူအဖြစ်ဝင်စားပြီး ပြန်လည်မွေးဖွားချိန်မှာလည်း ဒီနာမည်ပဲ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပေ

"ညီမလေး ထန်းမို ကိုကိုက ညီမလေးရဲ့ အစ်ကိုသုံး...ကိုကို့နာမည်က ထန်းကျင်းရီ"

လေးနှစ်သာရှိသေးသည့် ပဲစေ့လေးက ရှုပ်ထွေးတဲ့ ပုံစံဖြင့် မေးလာသည်။ "ဘာလို့ သားညီမလေးနာမည်က နှစ်လုံးထဲရှိရတာလဲ"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now