အပိုင်း-၅၉ ဘာမှမသိတဲ့သူက ဘာမှမကြောက်‌တတ်ဘူး

2.2K 339 2
                                    

Translator – HMM        Editor - Aster

UNICODE

"ဒါကရိုးရိုးစာမေးပွဲလေ အဲ့ဒါ‌ ကြောင့် အမှတ်ပြည့်ရတာ ထုတ်ကြွားစရာ လိုတယ် လို့ မထင်ပါဘူး။" မဒမ်ရှုက ရှုတ်ချလိုက်သည်။

ယွမ်ကဲချင်ကလည်း အားတုံ့အားနာအမူအရာလေးနှင့်သူမကို ပြောလာသည်။ "ဝမ်းကွဲအမ၊ ညီမလေးကတမင်ပြောတာမဟုတ်ရဘူးနော်။ အဖွားဆိုလိုတာက ဝမ်းကွဲအမ က စာမေးပွဲမှာ အမှတ်ပြည့်တယ်လို့ ပြောနေပေမယ့် ကျီရှားအကယ်ဒမီရဲ့ မေးခွန်းတွေလွယ်တာကို သိတဲ့သူတစ်ယောက်ယောက် တွေ့သွားရင် ဝမ်းကွဲအမ အလှောင်ခံနေရလိမ့်မယ်။အဲ့တော့ မကောင်ဘူးလေ နော်။"

ထန်းကျင်းရီက ရီနေလိုက်သည်။ ကျီရှားအကယ်ဒမီရဲ့ ပထမတန်းမေးခွန်းက ခက်မခက်မသိပေမယ့် တတိယတန်းမေးခွန်းကတော့ တကယ်ခက်ခဲတာသူသေချာသိသည်။

ဒါ့အပြင် ဘယ်လောက်ပဲမေးခွန်းလွယ်လွယ် တတိယတန်း စာမေးပွဲနှင့် ယွမ်ကဲချင်ရဲ့ ပထမတန်း စာမေးပွဲမေးခွန်းတွေက ကြီးမားတဲ့ ကွာခြားမှုရှိနေမှာအမှန်ပင်။

ထန်းမိုက တော့ ခပ်ပါးပါးသာပြုံးနေခဲ့သည်။ ရိုးရိုးသားသားပြောရရင်တော့ သူမက မဒမ်ရှုနှင့် ယွမ်ကဲချင်တို့ပြောနေတဲ့ စကားတွေ အတွေးတွေကို လုံးဝဂရုမစိုက်ခဲ့ ပေ။

သူမရဲ့ ဆရာသခင်အဆင့် လက်ဖက်စိမ်းအနုပညာက ပြင်းပြင်းထန်ထန်ရန်လိုပြီးတိုက်ခိုက်တတ်တဲ့သူတွေ ကို ပြန်လည်တိုက်ခိုက်နိုင်တာကြောင့် သူမသာ ဆန္ဒရှိရင် မဒမ်ရှုကို အေးအေးဖြုတ်ချနိုင်သော်လည်း သူမ လုပ်ချင်သည့်ဆန္ဒမရှိပေ။

ယွမ်ကဲချင်က မဒမ်ရှုကို ချစ်မြတ်နိုးအောင်ကြိုးစားခဲ့သည်။ မဒမ်ရှုကလဲ မင်ကျန်းထက် မင်ကျင်းကို ကလေးအရွယ်ကထဲက ပိုနှစ်သက်ခဲ့တာကြောင့် ယွမ်ကဲချင်းကို လည်းနှစ်သက်သည်မှာ မထူးဆန်းတော့ပေ။

ရှုမင်ကျန်း၏ကိုယ်‌ရည်ကိုယ်သွေးသည် အမြဲတမ်းထက်မြက်ကြံ့ခိုင်သူတစ်ယောက်ဖြစ်သောကြောင့် ထန်းမို ကလဲ သူမလိုပဲ ထက်မြက်တဲ့သူဖြစ်‌နေသည်။ သူမက စိတ်ရှည်သည်းခံတတ်ပြီး သူမအလိုရှိသောအရာကို ဘယ်သောအခါမှ အလျှော့မပေးပါ။ သူမက မဒမ်ရှုရဲ့စကားကိုလဲ ဘယ်တော့ကမှ နားမထောင်ခဲ့ပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now