အခန်း ၄ - တခြားလူရဲ့ပစ္စည်းကို ငမ်းငမ်းတက်မလိုချင်နဲ့

4K 644 16
                                    

UNICODE

"မင်းအရုပ်မဟုတ်ဘူးဆိုတာ သိနေတာတောင် ဘာလို့ အရှက်မရှိတောင်းနေရတာလဲ" ဝေ့ကျီချင်ရဲ့ မျက်နှာတွင် အထင်သေးတဲ့ အမူအရာပေါ်လာသည်။

"အသက်ငယ်ငယ်နဲ့ အကျင့်မကောင်းတဲ့သူဖြစ်နေတာ တော်တော်အထင်သေးဖို့ကောင်းတာပဲ"

ထန်းမော့ အံ့အားသင့်သွားသည်။ သူမရဲ့ လက်ဖက်ရည်အနုပညာထုတ်ဖော်ဖို့တောင် မေ့သွားသည်။ ခေါင်းလှည့်ကာ ဝေ့ကျီချင်ကို ဗလာကျင်းနေတဲ့ပုံစံဖြင့် ကြည့်နေမိသည်။ ငယ်ရွယ်နုပျိုတဲ့ ကောင်လေးဆိုပေမယ့် နှုတ်ရေးထက်လှသည်။ ထန်းမော့ သူ့ကို အရမ်းသဘောကျသွားသည်။

ယွမ်ကဲချင်းက စိတ်ထိခိုက်သွားတဲ့ပုံစံဖြင့် ငိုတော့သည်။ ဘယ်သူကမှ သူမကို ဒီလိုမပြောဖူးပေ... ယွမ်ကဲချင်းက ပြောချတော့သည်။ "ဒါပေမယ့် အဲဒါ ဝမ်းကွဲအစ်မဟာတွေလည်း ဟုတ်မှမဟုတ်တာ"

ဝေ့ကဲလီအရုပ်တွေဆိုတာ အသိသာကြီးကို...ထန်းမော့နဲ့ ဘာမှမဆိုင်ပေ... သူမနဲ့ထန်းမော့ ကစားရုံအတွက်ထုတ်လာပေးတာကို

"အဲဒါ ငါ့ဟာတွေ" ထန်းမော့က ယွမ်ကဲချင်းရဲ့ အမူအရာကြောင့် ထုတ်ပြောတေ့ာသည်။ "အဲဒါတွေက အန်တီရုန် ငါ့အတွက် ဝယ်ထားပေးတာ အရမ်းများလွန်းလို့ ငါဒီကိုလာလည်တိုင်း ဆော့လို့ရအောင် ထားခဲ့တာ"

ယွမ်ကဲချင်းရဲ့ နှုတ်ခမ်းတွေက တုန်ရီသွားသည်။ သူမအကြည့်တွေက ထန်းမော့နှင့် ဝေ့ကျီချင်ပေါ်တွင် ကျရောက်နေသည်။

ဝေ့ကျီချင်က ထန်းမော့ကို သူ့ပေါင်ပေါ်တွင် ပေးထိုင်ပြီး ပြောလိုက်သည်။

"မင်းရဲ့ပစ္စည်းတွေကို ဒီလိုရွံစရာလူတွေဆီ မပေးနဲ့... သူတို့ကိုပေးမယ့်အစား မီးရှို့ပစ်လိုက်... မင်းပစ္စည်းကို မင်းကြိုက်သလိုလုပ်လို့ရတယ်... ဘယ်သူမှ မင်းကို အပြစ်တင်ခွင့်မရှိဘူး"

ထန်းမော့က ဝေ့ကျီချင်ကို ကြောင်ငေးနေမိသည်။ သူမ မိဘတွေက သူမကို အလိုလိုက်သော်လည်း ယဉ်ကျေးမှုရှိဖို့သာ သင်ကြားပေးသည်။ သူမအစ်ကို သုံးယောက်သာ သူမအလိုရှိတိုင်း လုပ်ခွင့်ပေးထားတာဖြစ်သည်။ ဒါပေမယ့် သူမအစ်ကို သုံးယောက်က သူမ မိသားစုဝင်တွေဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now