အပိုင်း-၈၂ ဒီလိုကျေးဇူး ပြန်ဆပ်ဖို့ မလိုဘူး။

1.7K 249 0
                                    

Translator – HMM Editor- Aster

UNICODE

"ဒါဆို သမီးက ဘာကို စိတ်ပူစရာလိုလဲ" ထန်းမိုသည် နောက်ဆုံးတွင် စိတ်ချသွားနိုင်ခဲ့သည်။

ဝေကျီချင်က သက်ပြင်းချကာ ယခုမှစပြီး သူမကို ပိုဂရုစိုက်ပြီး ကာကွယ်ရမယ်ဆိုတာ သူနားလည်ခဲ့သည်။

သူမဟာ အရမ်းအပြီး အပြစ်ကင်းစင်လွန်းတာကြောင့် သူမကို ဘယ်လိုမှ အနိုင်ကျင့်ခံရလို့ မဖြစ်တော့ပေ။

"မင်းရဲ့အစွမ်းအစတွေကို ငါ့အပေါ်အများကြီးသုံးတော့ မင်းအစွမ်းအစတွေ ဆုံးရှုံးသွားမှာကို ကြောက်နေတာလား။" ဝေကျီချင်က မေးသည်။

သိသိသာသာပင် ဒါက အရေးကြီးတဲ့အရာဖြစ်နေသောကြောင့် သူမ ဒါကို စဉ်းစား‌နေတာလား????

"ဘာလို့အဲ့ဒါကိုကြောက်ရမှာလဲ။ အန်​ကယ်​လေးကသမီးကို ထိခိုက်​​အောင်​ ဘာမှလုပ်​မှာမဟုတ်​ဘူး"

ထန်းမိုက သူမခေါင်းကို ငုံ့လိုက်ပြီး သူမ၏ စိတ်သည် အလွန်ဖြူစင် ကြည်လင်နေပါသည်။သူမက ဝေကျီချင် ကို ပြုံးပြီး "အန်ကယ်လေးက ဒီအကြောင်းကို အခုအချိန်အထိ ဘာမှမသိသေးဘဲ သမီးအပေါ် အမြဲတမ်းကောင်းနေခဲ့တာ သမီးခြောက်နှစ်အရွယ်ကလေးတုန်းကဆို အန်ကယ်လေးအတွက် သမီးက ဘာလုပ်ပေးနိုင်သေးလို့လဲ။"

"ဒါ‌‌ ပေမယ့် အန်ကယ်လေးက သမီးအပေါ် အမြဲကောင်းနေတာပဲလေ အန်ကယ်လေးကို ဘာလို့ မကောင်းတဲ့စိတ်တွေနဲ့ သံသယဝင်ရမှာလဲ။ဒါက ကျေးဇူးကန်းလွန်းတာပဲလေ"။

"အန်ကယ်‌လေးမဟုတ်ဘူး မငြင်းနဲ့နော်။အန်ကယ်လေးက အမြဲတမ်း သမီးကို ကောင်းကောင်း ဆက်ဆံခဲ့တာပဲ အခုလို ကျေးဇူးပြန်ဆပ်ရတာ ဝမ်းသာပါတယ်။"

"ဒီလိုမျိုး ကျေးဇူးကို ပြန်ဆပ်ဖို့ မလိုပါဘူး" ဝေကျီချင် ကစိတ်နဲနဲ‌တို သွားကာချက်ချင်း ပြောလိုက်သည်။

"ကောင်းပါပြီ သမီးထပ်မလုပ်ပါဘူး" ထန်းမိုက ပြန်ဖြေသည်။

သူမဘာလို့ဒီလောက်လောက်တောင် အပြစ်ကင်းပြီးရိုးသားနေရတာလဲ???

ဝေကျီချင်က ကူကယ်ရာမဲ့ကာ သက်ပြင်းချလိုက်ပြီး "မင်းရဲ့အစွမ်းအစတွေကို ဘယ်လိုအသုံးချရတာလဲ။လူတွေနဲ့ ထိတွေ့မှုရှိဖို့ လိုတာလား။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now