Chapter 38: ကြိုးကြိုးစားစားလုပ်ရတဲ့အရာများ

3.1K 474 7
                                    

UNICODE

“ကိုကိုတို့ အရင်လာပါဦး ပြီးရင် ကျောင်းမှာဘယ်လိုလဲဆိုတာပြောပြမယ် ”

ထန်းမိုက သူတို့ရဲ့မေးခွန်းတွေ တစ်ခုပြီးတစ်ခု ပြန်ဖြေပေးနေချိန်မှာ ညီအစ်ကိုသုံးယောက်က သူတို့ရဲ့ ဖိနပ်တွေကိုလဲရင်း နားထောင်နေကြသည်။ “ဒီနေ့ကျောင်းကိုကောင်းကောင်းသွားခဲ့တယ်၊ မုယဲ့နဲ့ အခန်းတူတူတော့မဟုတ်ပေမယ့် မင်ယဲ့ချင်နဲ့ သူငယ်ချင်းအသစ်ဖွဲ့ခဲ့တယ်”

“ယောကျ်ားလေးတစ်ယောက်?ယောကျ်ားလေးတစ်ယောက်နဲ့သူငယ်ချင်းဖွဲ့ခဲ့တယ်?” ထန်းကျင်းချီ သူ့ရဲ့ဖိနပ်ကို ပြောင်းကာ အထဲဝင်လာခဲ့ပြီး ထန်းမိုကိုချီ၍ ဧည့်ခန်းထဲကိုသွားလိုက်သည်။

ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စိတ်ပူနေကြသည်။
ပြီးတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ သူတို့ထန်းမိုနားမှာ စုရုံးနေကြသည်။

“အင်း”
ထန်းမို သူမရဲ့တတိယအစ်ကိုငယ်က ရုတ်တရက်မျက်လုံးပြူးသွားတာကို ​တွေ့လိုက်ရသည်။ “မိုမို မင်းယောကျ်ားလေးတွေနဲ့ အကွာအဝေးခြားပြီး နေသင့်တယ်၊ ယောကျ်ားလေးတွေရဲ့ အရူးလုပ်တာကို မခံရစေနဲ့ သိလား”

“ငါတို့၊ မင်းရဲ့အစ်ကိုကြီးတွေက လွဲပြီးတော့ ကောင်းတဲ့ယောကျ်ားလေးတွေ တစ်ယောက်မှ မရှိဘူး”ထန်းကျင်းရှန် သူ့ရဲ့အားထုတ်မှုအကုန်လုံးကို အညွှန့်လေးကို ညှပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

“ဒီနေ့ ချင်မုရှောင်းက အတန်းထဲကလူအားလုံးကို သမီးကို အဆက်အဆံမလုပ်ဖို့ ဦးဆောင်ခဲ့တယ်၊ သူက သမီးအတွက် ရပ်တည်ပေးတဲ့တစ်ယောက်ထဲသော သူပဲ”ထန်းမိုက သူမရဲ့သူငယ်ချင်းအသစ်အတွက် ပြောပေးခဲ့သည်။

အဲ့ဒီစကားလုံးတွေက ညီအစ်ကိုသုံးယောက်ကို သတိရှိစေသည်။သူတို့ လျင်လျင်မြန်မြန် ဘာဖြစ်ခဲ့လဲဆိုတာကို စစ်ဆေးမေးမြန်း​တော့သည်။
“သူမ မင်းကိုအနိုင်ကျင့်ခဲ့လား”
“သူမက မင်းနဲ့အတန်းတူတူပဲလား”
“အန်ကယ်လေးကျီချင်နဲ့ မုယဲ့ရယ် မုယဲ့အစ်ကိုတို့ အားလုံးသမီးကို ကာကွယ်ပေးတယ် သူတို့ကြောင့် ချင်မုရှောင်း အရှက်ကွဲသွားတယ်၊သမီးရဲ့အတန်းဖော်တွေကလည်း သူမစကားတွေကို မနားထောင်ရဲတော့ဘူး။ အနာဂါတ်မှာ သူမ သမီးကိုအနိုင်ကျင့်လို့ မရတော့ဘူး၊ စိတ်မပူပါနဲ့”

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now