အခန်း ၂၈- တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး

3.4K 518 7
                                    

UNICODE

လီရှန်းရုန်က ကြားသွားတော့ သူမမျက်နှာက မည်းမှောင်သွားသည်။ သူမက ခေါင်းငုံ့ပြီး ဝေကဲလီကို ကြည့်လိုက်သည်။

ဒီအကောင်စုတ်လေးက ပြီးခဲ့တစ်ခေါက်မှာလည်း ထန်းမိုကို တစ်ယောက်တည်းထားပြီး ယွမ်ကဲချင်ကို ထပ်ပြီး သွားနှစ်သိမ့်ပေးတယ်ပေါ့လေ?

ထန်းမိုက သူမ ဘာဖြစ်နေလဲဆိုတာလည်း သူမ မသိပေ။ သူမက ဝေကဲလီကို မြင်တိုင်း သူ့ကို အကွက်ဆင်ချင်နေသည်။ သူမ အဲ့လိုမလုပ်ရရင် သူမ မသက်မသာဖြစ်ရသည်။

မသက်မသာခံစားရမယ့်အစား ဝေကဲလီကိုပဲ တစ်ခုခုလုပ်ပစ်လိုက်ချင်သည်။

ဝေကဲလီက သတိမပြုမိဘဲ သူကပြုံးပြီး ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး... အစ်ကို့ညီမပဲ ဂရုစိုက်ပေးရမှာပေါ့... မိုမို အစ်ကို့ကို အပြစ်မတင်တဲ့အတွက် ကျေးဇူးပါပဲ"

ရှုမင်းကျန်းက တိတ်တဆိတ်ဒေါသတွေထွက်မိနေသည်။ ကံကောင်းလို့ သူမ ဝေကဲလီကို လက်လျှော့ပြီမို့လို့ ဖြစ်သည်။

ဒါပေမယ့် အခု သူ့ရဲ့ တုန့်ပြန်ပုံကို မြင်ရတော့ သူမ မနေနိုင်ဘဲ စိတ်တိုမိသည်။

မိုမိုကတော့ နားလည်မှုရှိပြီး ကြင်နာတတ်တဲ့ကလေးမို့လို့ စိတ်မတိုပေ။

ဝေကဲလီက ထန်းမိုကို ဘာမှမဖြစ်သလိုမျိုး ဘယ်လိုလုပ်ရင်ဆိုင်နိုင်ရတာလဲ?

"ဝင်ပြီး ထိုင်လေ" ရှုမင်းကျန်းက သူတို့ကို ဧည့်ခန်းသို့ခေါ်သွားသည်။

သူတို့ထိုင်ပြီး သိပ်မကြာခင်မှာပဲ လူခေါ်ခေါင်းလောင်းက ထပ်မြည်လာပြန်၏။

အန်တီကောင်းက တံခါးသို့သွားပြီးနောက် သိပ်မကြာခင်ပဲ ပြန်ရောက်လာသည်။

"မဒမ်"

အန်တီကောင်း၏ မျက်နှာကို ကြည့်သည်နှင့် သူမတွင် အရေးကြီးပြောစရာရှိတယ်ဆိုတာ ရှုမင်းကျန်းသိလိုက်သည်။ ရှုမင်းကျန်းလည်း အန်တီကောင်းက ဘာလို့ တံခါးမဖွင့်တာလဲဆိုတာ သိချင်မိသွားသည်။ အပြင်မှာ ဘယ်သူလဲဆိုတာ သူမလည်း မသိပေ။

ရှုမင်းကျန်းက အန်တီကောင်းနှင့်အတူ တံခါးဆီသွားတော့ အန်တီကောင်းမှ အင်တာကွန်းကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။ "မစ္စစ်ယွမ်နဲ့ကဲချင်ရောက်နေတယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now