Chapter 39: သူမကို ချီပြီး ထွက်သွားသည်

3K 457 14
                                    

UNICODE

ထန်းမိုက နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ "သမီး မှတ်ထားပါ့မယ်။"

ဘဏ္ဍာရေးမှူးကျိုး သည် ထန်း မိသားစု၏ တုံ့ပြန်မှုကို တိတ်တဆိတ် မှတ်ချက်ချလိုက်သည်။

ထန်းမိသားစု၏ စည်းလုံးညီညွတ်တာကို မြင်လိုက်ရသဖြင့် သူ့စိတ်ထဲမှာ စိတ်ချသွားရသည်။

ထန်းမိုက ကလေးဘဝထဲက ထန်းမိသားစုရဲ့ အလိုလိုက်မှုကို ခံထားရသော်လည်း နည်းနည်းလေးတောင်မှ ဆိုးသွမ်းတာမျိုးမရှိပေ။

ထန်းဝမ်စစ်နှင့် ရှုမင်းကျန်းက သူမကို သေချာပျိုးထောင်ခဲ့ပြီး ကလေးကလည်း သိတတ်မှုရှိသည်။

ထန်းမိသားစုရဲ့ စိတ်အခြေအနေတည်ငြိမ်သွားတာကို သတိထားမိကာ ဘဏ္ဍာရေးမှူးကျိုးက ထပ်ပြောလာသည်။ “သခင်လေးဝေက ပြောလိုက်ပါတယ်။ ဒီနေ့ကစပြီး မိုမိုက ဝေအိမ်တော်ကို ကျောင်းဆင်းတာနဲ့ နေ့တိုင်းလာရပါမယ်တဲ့။ သူကိုယ်တိုင် မိုမိုကို စာပြပေးပါမယ်တဲ့။ မိုမိုက ပိတ်ရက်တွေမှာလည်း လာရပါမယ်တဲ့”

“ဘာ?” အကုန်လုံးက တစ်သံထဲ ပြန်ဖြေလာသည်။ ဒီကိစ္စက ဆုံးဖြတ်ချက်ချပြီးပြီလား။
ထန်းမိုရဲ့ ရည်မှန်းချက်ပန်းတိုင်က သူတို့ကို ထိတ်လန့်သွားစေဖို့ လုံလောက်ပြီလေ။ သူတို့က ထောက်ပံ့ပေမယ့်လည်း ထိတ်လန့်မှုက မပျောက်သေးဘူးလေ။

ထန်းမိုက ကျောင်းဆင်းတာနှင့် ဝေမိသားစုအိမ်တော်ကို တိုက်ရိုက်သွားရမယ်ဆိုပြီး ဘဏ္ဍာရေးမှူးကျိုးက ချက်ချင်း ပြောလာမယ်လိမ့်မယ်လို့ ဘယ်သူထင်ထားမလဲ?

သူတို့ရဲ့ စိတ်က ဟာလာဟင်းလင်းဖြစ်သွားသည်။
နောက်ထပ် ဘဏ္ဍာရေးမှူးကျိုးဆက်ပြောလာတာကို သူတို့ကြားလိုက်ရသည်။ “သခင်လေးဝေပြောချင်တာက ကျောင်းဆင်းရင် မိုမိုက ဝေအိမ်တော်မှာပဲ ညစာစားပြီး စာသင်ရမယ်။ စာသင်ပြီးတာနဲ့ သခင်လေးဝေက မိုမိုကို ပြန်ပို့ပေးပါမယ်တဲ့”

ဒီစကားကြားလိုက်တာနှင့် တစ်ပြိုင်နက် ထန်းမိသားစုက နောက်ဆုံးမှာ တုန့်ပြန်လာသည်။
“မရဘူး” အကုန်လုံးက တစ်ပြိုင်တည်း ပြန်ဖြေလာသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now