Chapter 108: မိုမိုကို ကျွန်တော်နဲ့အတူ ​ဝေမိသားစုအိမ်ကို ထည့်​ပေးလိုက်

1.3K 165 0
                                    

Translator - Th      Editor - Aster

UNICODE

ဒရိုင်ဘာကျန့်လည်း ဒီမှာသူလုပ်စရာဘာမှမရှိတာကြောင့် ပြန်သွားလိုက်သည်။

"မုန့်ဆိုင်မှာသွားစောင့်နေပါလို့ ရှင်တို့ကို ကျွန်မမပြောဘူးလား? ဘာလို့အားလုံးဒီမှာရှိနေကြတာလဲ" ရှုမင်ကျန်းလျောက်လာတော့ သူတို့တွေကအရိပ်ထဲမှာရပ်နေကြတာပေမဲ့ သူတို့မျက်နှာတွေကနီရဲနေတာကိုမြင်လိုက်ရသည်။ သူတို့အခန်းထဲကထွက်သွားပြီးတည်းက ဒီမှာပဲသူတို့စောင့်နေကြတာဖြစ်ကြောင်း သူမသိလိုက်သည်။ သူတို့ကမုန့်စားဖို့တောင်မသွားကြဘူးပဲ။

"မင်းတို့တွေအထဲမှာ‌နေရာချရှင်းလင်းနေကြတာကို ကိုယ်တို့ကဘယ်လိုလုပ်ပြီးအဲကွန်းခန်းလေးထဲမှာ ငြိမ့်ငြိမ့်လေးနဲ့ရေခဲမုန့်စားနိုင်ပါ့မလဲ?"ထန်းဝမ်စစ်ကပြန်ဖြေလိုက်သည်။

"အိုကေ ရှင်တို့တွေစောင့်နေတာကဟုတ်ပါပြီ ယဲ့ချင်လည်း ဒီမှာစောင့်နေပေးတုန်းလား?" မင်ယဲ့ချင်မိဘတွေကအာရုံမစိုက်ဘူးဆိုတာ ဖြစ်တန်လောက်ပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ အခက်အခဲတွေကြားမှာမင်ယဲ့ချင်ရဲ့ကြိုးစားအားထုတ်မှုတွေကို မြင်ရင်သေချာပေါက်ပျော်ရွင်လိမ့်မည်ဟု ရှုမင်ကျန်းတွေးမိသည်။

"ကျွန်တော်စောင့်နေချင်လို့ပါ"မင်ယဲ့ချင်ကပြောသည်။ "အခုတင်ပဲ ကျွန်တော့်အခန်းကိုအားလုံးကသန့်ရှင်းပေးကြပေမဲ့ ကျွန်တော်ကတော့မိုမိုကို ကူညီလို့မရဘူးလေ။"

ရှုမင်ကျန်းကဘာမှထပ်မပြောတော့ပဲ ပြုံးသာနေလိုက်သည်။"သွားကြစို့။နေရာတစ်ခုရှာပြီး နားရအောင်။ပြီးရင် နေရာတွေနဲ့ရင်းနှီးသွားအောင်လို့ ကျောင်းဝန်းထဲလမ်းပတ်လျှောက်ကြည့်ကြမယ်။"

"ကောင်းတယ်။ ဒါကဘေကျင်းတက္ကသိုလ်ကို လည်ရတဲ့ရှားရှားပါးပါးခရီးစဉ်ပဲ" ထန်းဝမ်စစ်က ရယ်မောနေသည်။ "ငါတို့တွေမြို့တော်Bမှာနေတာတောင်မှ ဘယ်သူကများဒီကိုလာလေ့ရှိလို့လဲ? ဒီအခွင့်အရေးကိုယူပြီးလျှောက်ပတ်ကြည့်ကြစို့။"

"မား" ထန်းကျင်းချီက မိန်းကလေးအဆောင်ကို‌မေး‌စေ့ဖြင့်ညွှန်ပြရင်း မေးသည်။ "သူတို့သုံးယောက်အခြေအနေက‌ရော ဘယ်လိုလဲ?"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now