အခန်း ၅၁

2.4K 301 5
                                    

UNICODE

Translator- Th/ Editor- Aster

" ထန်းမိုနဲ့ ချင်းမုယဲ့ တို စာရေးကိရိယာအပြေးသွားဝယ်တုန်းကလေ "ဆိုပြီး ရှုဟွေယန် ကလည်း တစ်ခုခုကိုအရေးတကြီးပြောချင်တဲ့ပုံနဲ့ ဝင်ပြောသည်။ "သူတိုမရှိတုန်းမှာ ချင်မုရှောင်းက ထန်းမို ရဲ့စာရေးကိရိယာတွေကို ဖျက်ဆီးလိုက်တဲ့သူက သူမဆိုတာကို မပြောဖို ကျွန်တော်တိုကိုသတိပေးသွားတယ်။"
ဝေကျီချင် ကခေါင်းညိတ်သည်။

"သောကြာနေ့မှာ အဖြေလွှာစာရွက်ကိုပြန်ပေးပြီးရင် ရလဒ်တွေကြေငြာလိမ့်မယ်။" ဝေကျီချင်က နောက်ဆုံးမှာတော့ ထန်းမိုရဲ့ ခေါင်း‌ေပါ်မှ သူ့လက်တွေကို ဖယ်လိုက်သည်။

အဲ့ဒီနောက်တော့ သူကသူမခေါင်းပေါ်မှ ကျစ်ဆံမြီးလေးကို စ‌ေနာက်ပြီးဆွဲလိုက်သည်။
ထန်းမိုက သူ့ဆံပင်တွေများပွသွားလားလို အမြန်စမ်းကြည့်လိုက်သည်။

" ေသာကြာနေ့ကျရင် မင်းရဲ့စာသင်ခန်းရှေ့ကနေငါတိုဖြတ်သွားမယ်"ဝေကျီချင် က‌ေပြာလိုက်သည်။
သူတိုတွေက ဝေကျီချင် နှင့် ချင်မုဖုန်း ကို ပြတင်းပေါက်ကနေ လှမ်းကြည့်လိုရသည်။

"ငါ့ အချက်ပြတာကို စောင့်‌နေ။အချက်ပြတာကိုမြင်တာနဲ့တပြိုင်နက် ချင်မုရှောင်းကို ဆရာ့ဆီမှာ ဖော်ထုတ်ဖိုက မင်းရဲ့ တာဝန်ပဲ"

ဝေကျီချင်က က သူတို၏မျက်နှာတွေကို လွှမ်းခြုံကြည့်ပြီး မေးလိုက်သည်။ "မင်းတိုလုပ်နိုင်တယ်မလား"

ဝေကျီချင်က ဒီလိုစိုက်ကြည့်နေမှတော့ ဒီကလေးငါးယောက်လည်း ဘယ်လိုခံနိုင်မလဲ။

ဝေကျီချင်ရဲ့ အကြည့်က ခဏလေးပေမဲ့ အေးစက်တင်းမာနေသည်။ ကလေးငါးယောက်က ဒါကိုမြင်တဲ့အခါမှာတော့ သူတိုရဲ့လက်တွေခြေထောက်တွေက အေးခဲသွားသည်။သူတိုတွေ ကန့်ကွက်ဖိုနေနေသာသာ လှုပ်တောင်မလှုပ်ရဲပေ။

ကလေးတွေက အလျင်အမြန်ပဲခေါင်းငြိမ့်ပြသည်။သူတိုတွေက ပုံမှန်အားဖြင့်ဆိုရင် ခေါင်းမာပြီး အလျော့မပေးတတ်တဲ့သူတွေဖြစ်ပေမဲ့ ဝေကျီချင်း အရှေ့ရောက်မှာတော့ ကျိုးနွံစွာပြုမှုနေကြသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now