အခန်း ၃၅

3.1K 518 12
                                    

UNICODE

"နင်က အရမ်းကို ကောင်းနေလို့လား" ထန်းမိုက အလေးအနက်မေးလိုက်သည်။ "နင့်ကို အထင်ကြီးရုံနဲ့ နင်က အတန်းဖော်တွေကို အဆင့်တွေကောင်းအောင် ကျောင်းသားကောင်းဖြစ်အောင် လုပ်ပေးနိုင်လား? ဒါမှမဟုတ် ချင်မိသားစုက သူတို့ မိသားစုတွေကို ကူညီပေးမယ်လို့ နင်အာမခံနိုင်လား? နင်က ငါ့မကြိုက်သလို သူတို့ကို မကြိုက်တော့ရင် ချင်မိသားစုက ထန်းမိသားစုကို ပစ်မှတ်အနေနဲ့ ထားပြီး ခက်ခဲတဲ့အချိန်တွေ ပေးမှာလား?"

ချင်မုရှောင်းနောက်က ကျောင်းသားတွေက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

တစ်ခုခု မှားနေသလို ခံစားရပေမယ့် ကျိုးကြောင်းဆီလျော်သည်။

"ငါက နင့်ကို မေးခွန်းထုတ်တာမဟုတ်ပါဘူး" ထန်းမိုက ရိုးသားဖြူစင်တဲ့ ရုပ်လေးဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "ငါက ဒီတိုင်း သိချင်လို့မေးလိုက်တာပါ။ အဲ့လိုဆိုရင် ချင်မုရှောင်း နင်က တော်တော်အံ့ဩဖို့ကောင်းတာပဲ"

ထန်းမိုရဲ့ မျက်နှာမှာ လေးစားမှုအပြည့်ဖြင့် ပြည့်နေပေမယ့် ချင်မုရှောင်းက ဒေါသထွက်နေတုန်းပင်။

ထန်းမိုရဲ့ မျက်နှာက ဘာလို့ လှောင်ပြောင်နေတဲ့ပုံ ပေါက်နေတာလဲ? သူမကများ ငါ့ကို အတန်းဖော်တွေရှေ့မှာ လှောင်ရဲတယ်ပေါ့လေ။

သူတို့ရဲ့ အတန်းဖော်တွေက ကြားတော့ ဒီလို တွေးမိသွားကြသည်။ 'ထန်းမိုက နှိမ့်ချတဲ့ နောက်ခံရှိတဲ့ မိသားစုကနေ လာတဲ့ မိန်းမကောင်းလေးများလား?'

အဲဒါတွေးနေချိန်မှာပဲ ထန်းမို ဆက်ပြောလာတာကို သူတို့ကြားလိုက်သည်။ "ဟမ်? မဟုတ်ဘူးလား? အဲ့လိုဆိုရင် ငါတို့ မိသားစုက ဘာလို့ အခုထိအဆင်ပြေနေသေးတာလဲ? ချင်မိသားစုက ငါတို့ မိသားစုကို သင်ခန်းစာတစ်ခုနှစ်ခုလောက်ပေးဖို့ နင်ဘာလို့ မပြောတာလဲ?"

အတန်းဖော်တွေရဲ့ အကြည့်တွေကို ချင်မုရှောင်း သတိထားမိသည်။

"နင်တို့တွေ ငတုံးတွေပဲ" ချင်မုရှောင်းက သူတို့ရဲ့ အကြည့်တွေကြောင့် စိတ်တိုသွားသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now