Chapter 87: ထန်းမိသားစုအိမ်ဘက် ပြန်လှည့်လိုက်

2K 286 2
                                    

Translator - Th Editor- Aster

UNICODE

လီရှန်းရုန်လည်းအတော့်ကို အကျပ်ရိုက်နေသည်။ ထန်းမိုကိုပဲနှစ်သိမ့်‌ပေးရမလား ဝေကျီချင်ဒဏ်ရာရတဲ့အကြောင်းကိုပဲအရင်မေးရမလား သူမဝေခွဲမရတော့ပေ။

ဝေကျီချင်ဆေးရုံတတ်နေရတာကို သူမကြားခဲ့ပေမယ့် အကြီးအကဲတွေကသူမကို လာကြည့်ခွင့်မပြုခဲ့ချေ။

ဒီတော့ ဝေကျီချင်အခြေအနေဘယ်လိုရှိလဲ သူမအခုထိမသိရသေးပေ။

ရွေးချယ်ချိန်ဆပြီးနောက်မှာတော့ လီရှန်းရုန်ကမေးလိုက်တော့သည်။"မိုမို အခုကျီချင်ဘယ်လိုအခြေအနေရှိလဲ?"

"အန်ကယ်လေးက အခြေအနေကောင်းပါတယ်။ ကဲချင်ကသမီးကိုလိမ်ပြောခဲ့တာ။" ထန်းမိုကမျက်ရည်သုတ်လိုက်ပေမဲ့ သူမကပြောနေရင်းဆက်ငိုနေသေးသည်။ "ယွမ်ကဲချင်သမီးကိုဘာလို့ဒီလိုလုပ်လဲဆိုတာဖြင့် သမီးနားကိုမလည်နိုင်ဘူး။"

သူမကိုအရင်တုန်းက ထန်းမိုဘယ်တော့မှသူမနာမည်အပြည့်အစုံဖြင့်မခေါ်ခဲ့ပေ။

ရှုမင်ကျင်း၊လီရှန်းရုန်နဲ့ဝေကဲလီတို့က အရင်တုန်းကထန်းမိုကဲချင်လို့ချစ်ခင်ချိုသာစွာခေါ်တာကိုပဲ အမြဲကြားဖူးခဲ့တာဖြစ်သည်။

ထန်းမိုဒီတစ်ခေါက် တကယ်ဒေါပွနေသည်မှာ ပေါ်လွင်နေသည်။

ဝေကဲလီက ထန်းမိုအတွက် စိတ်မကောင်းဖြစ်ရပေမဲ့လည်း သူ မတတ်သာစွာနဲ့ စိတ်သက်သာရာလည်းရမိသည်။

ထန်းမိုရဲ့ပုံစံကိုခန့်မှန်းကြည့်ရသလောက်တော့ သူမဒီတစ်ခါတော့ဒီတစ်ခါ‌တော့တကယ်ပင် မဖြေနိုင်ခဲ့တာဖြစ်လောက်သည်။

ဒီတော့ကား သူ့လိုမျိုးဘေကျင်းတက္ကသိုလ်မှာတတ်‌ရောက်နိုင်မဲ့အစား ထန်းမိုကအတန်းပြန်တတ်ရနိုင်လောက်သည်ဆိုတော့ သူ့ထက်တစ်နှစ်‌နောက်ကျန်ခဲ့တော့မှာဖြစ်သည်။

ထန်းမိုကနောက်ဆုံးတော့ သူ့ထက်ခြေတစ်လှမ်းနောက်ကောက်ကျနေဆဲဖြစ်သည်။

"သမီးစာမေးပွဲဖြေပြီးတာနဲ့ အန်ကယ်လေးကိုအမြန်သွားရှာတာပဲ။ ဒါပေမဲ့ အန်ကယ်လေးကနည်းနည်းလေးနေမကောင်းချင်သလိုဖြစ်‌နေလို့ ဆရာဝန်ဆီသွားပြတာ။ ကြီးကြီးမားမားဒဏ်ရာရဖို့မ‌ပြောနဲ့ ဘာဒဏ်ရာမှကိုရှိမနေဘူး။ အန်ကယ်လေးက ဒေါင်ဒေါင်မြည်နေတာပဲ။" သူမပြောနေရင်းနဲ့ သူမရဲ့မကျေနပ်မှုကိုထုတ်ဖော်ပြနေသလို ထန်းမိုရဲ့အသံကတဖြည်းဖြည်းကျယ်လောင်လာလေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now