Chapter 86: ဒီကောင်မလေးက ဘာမဆိုပြောရဲတယ်

1.6K 227 0
                                    

Translator- Th Editor- Aster

UNICODE

ဒီအကြောင်းကို မနှစ်တည်းကရှင်းလင်းထားခဲ့ပြီးသားဖြစ်သည်။

ပြီးခဲ့တဲ့နှစ်တုန်းက ထန်းမိသားစုကထောက်ပံ့ပေးခဲ့တာဖြစ်လို့ ဒီနှစ်ကတော့ ယွမ်မိသားစုအလှည့်ဖြစ်သည်။

ရှုမင်ကျန်းက လုံးဝဥသုံကို အလျှော့ပေးဖို့ဆန္ဒမရှိပေ။သူမအလှည့်သာမဟုတ်ရင် သူမကတစ်ပြားမှပေးချင်တာမဟုတ်ပေ။

အတိတ်မှာတုန်းကတော့ ယွမ်မိသားစုပေးရမည့်အလှည့်ရောက်လာလျှင် ရှုမင်ကျင်းကသူမဆီ မကြာခဏ‌လာပြီး အကူအညီပေးဖို့တောင်းဆိုလေ့ရှိသည်။ ဒါပေမယ့် အခုတော့သူမကြိုးစားရင်တောင် အသုံးမဝင်တော့ပေ။

အဘွားကြီးရှုက ရှုမင်ကျင်းကို အရမ်းနှစ်သက်‌နေမှတော့ ဘယ်လိုပဲဖြစ်ဖြစ်အဘွားကြီးရှုကိုတော့ ရှုမင်ကျင်းကတကယ်ကြီးမစွန့်ပစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား?

မိသားစုနှစ်ခုက‌နေပြီးအဘွားကြီးရှုကို‌ငွေ‌ကြေးအရထောက်ပံ့ဖို့အတွက်အလှည့်ကျတာဝန်ယူရမည်ဆိုသည့် ရှုမင်ကျန်းအကြံကိုရွေးချယ်စရာမရှိဘဲ သူတို့လက်ခံရတော့သည်။

မမျှော်လင့်ဘဲနဲ့ ကနေ့မှာ ရှုမင်ကျန်းကအခွင့်သင့်လို့ ရှုမင်းကျင်းကိုသွားမတွေ့ခင်လေးတင် ရှုမင်ကျင်းကယွမ်ကဲချင်နဲ့အတူရောက်ချလာသည်။

မထင်မှတ်ထားစွာဘဲ လီရှန်းရုန်ကလည်း ဝေကဲလီနှင့်အတူရောက်ချလာသည်။

ဒီဟာက တိုက်ဆိုင်တာလား သို့သည်မဟုတ် ဒီမိသားစုနှစ်ခုကကြိုတင်ချိန်းဆိုထားကြသလားဆိုတာကိုတော့ သူမတကယ်ပင်မသိချေ။

သို့သော်ငြားလည်း လီရှန်းရုန်ကသူမကိုမလိုမုန်းထားပြီးနှောင့်ယှက်ရအောင်လို့ ရှုမင်ကျင်းနဲ့တော့လက်တွဲလိမ့်မှာမဟုတ်ဘူးလို့သာ ရှုမင်ကျန်းကယုံကြည်ဆဲဖြစ်သည်။

ဒါကတိုက်ဆိုင်မှုဖြစ်နိုင်ချေပိုများပါတယ်။

လီရှန်းရုန်နဲ့ဝေကဲလီတို့ရှိနေတဲ့အတွက် ရှုမင်ကျန်းက ရှုမင်ကျင်းနဲ့ထိပ်တိုက်မဖြေရှင်းနိုင်တော့ပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now