အပိုင်း -၁၃၅ (စိတ်လွတ်လက်လွတ်နေချင်စိတ်ကို ထိန်းသိမ်း)

886 122 1
                                    

UNICODE

Translator- HMM Editor- Aster

ဝူရှောင်းယဲ့က ထန်းမိုကို တအံ့တသြကြည့်ကာ "ကုလီက ရှောင်ကျွမ်ထက် ခေတ်ပေါ်တရုတ်စာလုံးတွေနှင့် ပိုနီးစပ်ပေမယ့်လည်း၊ ဖတ်လို့မရတဲ့ စာလုံးတွေအများကြီးရှိသေးတယ်။ ကုလီကို သင်ရတာ သိပ်မခက်ပေမယ့် အချိန်တော့ယူရတယ်။ ရေးတတ်အောင် မသင်ဘဲနဲ့ သူတို့ကို မှတ်မိဖို့ သင်ယူတာတောင် အချိန်အများကြီးယူရတာ။ ထန်းမို၊ ညီမလေးအသက်က ၁၅ နှစ်ပဲရှိသေးတာ။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေနိုင်ထားပေမယ့်လည်း သမိုင်းနဲ့ ရှေးဟောင်းတရုတ်ရိုးရာစာပေကို နားလည်ထားတာက အစ်ကိုတို့နဲ့ တူတူလောက်ပဲ။ အခု ကုလီကိုတောင် ညီမလေးက သိတယ်ဆိုတော့ အနားယူဖို့ အချိန်ရောလောက်ရဲ့လား?"

"အတန်းထက်မကျော်တော့တာ အံ့ဩစရာမဟုတ်တော့ဘူးပဲ" ဒါက အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ခံစားချက်ဖြင့် ဝမ်ယွဲ့မုက ခေါင်းညိတ်လိုက်သည်။

ကျောင်းသွားရတဲ့အပြင်ကို ထန်းမိုရဲ့ သင်ယူနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းက အရမ်းကိုရှားပါးသည်။
အကယ်၍ သူမသည် ဤအခြေအနေတွင် အတန်းများကို ကျော်သွားနိုင်ပါက၊ သူမက လူသားတစ်ယောက်စံနှုန်းထက်တောင် ကျော်နေလောက်ပြီဖြစ်သည်။

ပါမောက္ခကုလည်း အရမ်းကို အံ့အားသင့်သွားသည်။ ထန်းမိုက ဘာသာပြန်ဖို့ အချိန်အများကြီးမလိုကြောင်း သဘောပေါက်သွားသည်။

အရင်တုန်းက သူမဆရာသခင်က ဒီစာအုပ်ကို သူမအား ဖတ်ပြဖူးတာကို ထန်းမိုနားထောင်ထားဖူးသည်။
သူမဆရာသခင်က သူမနားမလည်တာတွေကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်။
ထန်းမို ခေါင်းညိတ်ကာ စာအုပ်ကို သေချာဘေးမှာထားလိုက်သည်။

စာအုပ်အထူကို ကြည့်ရုံနှင့် ဒါက အစိတ်အပိုင်းတစ်ခုသာရှိတယ်ဆိုတာ သိနိုင်သည်။

လီယဲ့ချင်၏စကားလုံးများသည် ချင်မင်းဆက်မှ ခွဲထွက်ထားသွားသော အစိတ်အပိုင်းများဖြစ်သည်။
မူရင်းစာရွက်များကို ပြတိုက်တွင် သိမ်းဆည်းထားဆဲဖြစ်သည်။ ချင်မင်းဆက်လက်ထက်တွင် အရာဝတ္ထုများကို မှတ်တမ်းတင်ရန်အတွက် ဝါးညှပ်များနှင့် သစ်သားပြားများကို အသုံးပြုခဲ့သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now