အခန်း၂- သူမပုံစံက အရမ်းရုပ်ဆိုးတာပဲ

4.4K 589 7
                                    

UNICODE

"အန်တီဝေက သမီးကို လွမ်းနေတာလေ" ရှုမင်းကျန်းက ညင်သာစွာပြုံးလိုက်သည်။ "အဲ့ရောက်ရင် သမီးနဲ့ ဘယ်သူမှ မကစားမှာကို ကြောက်နေတာလား... မကြောက်နဲ့နော်... အဲ့ဒီမှာ အစ်ကိုကဲလီရှိတယ်မဟုတ်လား... ကိုကိုက သမီးနဲ့ကစားမှာပေါ့"

"သမီး သူနဲ့မကစားချင်ဘူး" အနာဂတ်မှာ ဝေ့ကဲလီက ဘယ်လောက်တောင်သွေးအေးပြီး သစ္စာဖောက်ခဲ့လဲဆိုတာ သူမ သိနေသည်။ သူနဲ့ ဆက်ဆံရေးတစ်ခု မတည်ဆောက်ချင်ပေ... ပြီးတော့ ဝေ့ကဲလီနဲ့ ပတ်သက်စရာမလိုဘူးဆိုတာ ထန်းမော့ခံစားနေရသည်။

ရှုမင်းကျန်းက မေးလိုက်သည်။ "ဘာလို့လဲ သမီးကို သူအနိုင်ကျင့်လို့လား"

တစ်ဖက်မှာတော့ ထန်းမော့က ဝေ့ကဲလီကို မပုတ်မချချင်ပေ...အခုထိတော့ ဝေ့ကဲလီက သူမကို ကောင်းမွန်စွာ ဆက်ဆံနေတုန်းဖြစ်သည်။ သူမကို ဂရုစိုက်ပြီး သူမ လိုချင်သမျှအကုန်ပေးသည်။ ဒါပေါ့ သူမရဲ့ တွက်ချက်တတ်တဲ့ ဝမ်းကွဲ မပေါ်လာခင်အထိပေါ့လေ...

သူမရဲ့ ကောက်ကျစ်တဲ့ဝမ်းကွဲကြောင့် ဝေ့ကဲလီက သူမကို အန္တရာယ်ပြုမယ်ဆိုတာ သိပြီးနောက်မှာ ထန်းမော့က ဝေ့ကဲလီနဲ့ မပတ်သက်ချင်တာဖြစ်သည်။

"ဟင့်အင်း" ထန်းမော့က ရေရွတ်လိုက်သည်။ "ဒီတိုင်း သူနဲ့ကစားရတာ ပျင်းလို့"

"သားတို့ ညီမလေးနဲ့ တူတူသွားလို့ရလား"

ထန်းမိသားစုရဲ့ တတိယမြောက်ကလေးရဲ့အသံကို ကြားလိုက်တော့ ရှုမင်းကျန်းက ခေါင်းငဲ့ကာ ကြည့်လိုက်သည်။ အစ်ကိုအကြီးဆုံးဖြစ်သည့် ထန်းချင်းချီရဲ့နောက်တွင် ထန်းကျင်းရှန်းနဲ့ ထန်းကျင်းရီတို့ကိုတွေ့လိုက်သည်။

"ချင်းချီက ဓာတ်ပုံအတန်းရှိတယ်..ကျင်းရှန်းက စန္တရားအတန်းရှိတယ် ပြီးတော့ ထန်းကျင်းရီ ဆီဆေးပန်းချီအတန်းရှိတယ်လေ" ရှုမင်းကျန်းက သတိပေးတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

"မင်းတို့သုံးယောက်က မင်းတို့ညီမလေးနဲ့ ဘယ်နေရာကိုသွားပြီး အဖော်လုပ်ပေးဖို့လဲ"

အဲ့အချိန်မှာပဲ မိသားစုရဲ့ အိမ်အကူဖြစ်သည့် အန်တီကောင်းက အပေါ်ကိုတက်လာသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now