အပိုင်း-၈၅ (အမှိုက်ပုံးကို ရှင်းတဲ့နည်း လေ့လာပါ။)

2K 275 1
                                    

Translator- HMM Editor- Aster

UNICODE

ထန်းမိုက သူပြောတာမှန်တာကို သဘောပေါက်သွားတော့သည်။‌ ဝေကျီချင် ရဲ့ဒဏ်ရာကို သူမအရမ်းစိုးရိမ်တာကြောင့် သူမ မေ့သွားခဲ့ရသည်။

ဝေကျီချင် ၏ဒဏ်ရာသည် ရေရှည်တွင်ဆိုးလာနိုင်သော် လည်း သူမသည် ၎င်းကို ကုသပေးနိုင်ဆဲဖြစ်သည်။

အခုတော့ ထန်းမိုဟာ စိတ်သက်သာရာ ရသွားကာ သူမသည် ဝေကျီချင် ၏လက်ကိုဆွဲကာ မေးတော့သည်။ "အန်ကယ်လေး၊ သမီးအထက်တန်း‌ကျောင်းဆင်းပွဲကိုလာနိုင်မလား"

ထန်းမို သည်ဝေကျီချင် ကို သူမ၏ အရင်းနှီးဆုံး မိသားစုဝင်အဖြစ် ကာလကြာရှည်စွာ မှတ်ယူခဲ့သည်။

"အချိန်ရရင် လာခဲ့လို့ရမလား။ အလုပ်ရှုပ်နေတယ်ဆိုရင်လည်းမလာပါနဲ့။ ကိစ္စမရှိပါဘူး" ထန်းမိုက ကမန်းကတန်းပြောသည်။

သို့သော် သူမ၏မျက်လုံးထဲတွင် မျှော်လင့်ခြင်း အရိပ်အယောင်များက သူ့ကို ငြင်းဆန်ရန် တွန့်ဆုတ်စေခဲ့သည်။

"အင်း ငါလာခဲ့မယ်"

ခိုင်လုံသောအဖြေကိုရရှိပြီးနောက် တန်မိုက ကျေနပ်စွာ ပြုံးလိုက်သည်။ "ကောင်းပါပြီ အခု သမီး အိမ်ထဲဝင်‌တော့မယ်။ အန်ကယ်လေး ဘာဖြစ်သွားတာလဲ စုံစမ်းရင်တောင်ခန္ဓကိုယ်ကိုတော့ ဂရုစိုက်ပါ။"

ဝေကျီချင်သည် ထန်းမိုကိုထန်းမိသားစု၏ အိမ်ကြီးအပြင်ဘက်ရှိ ဥယျာဉ်ခြံတံခါးထဲသို့ မဝင်မချင်း ယာဉ်မောင်းကို ထွက်ခွာခွင့်မပြုပဲသူကိုယ်တိုင် စောင့်ကြည့်ခဲ့သည်။

ထန်းမိုသည် ပန်းခြံငယ်လေးကို ဖြတ်လျှောက်သွားကာ အိမ်ထဲသို့ဝင်ခါနီးတွင် ထန်ကျင်းရှင်းနှင့် ထန်ကျင်းရီ ထွက်လာသည်ကို သူမမြင်လိုက်ရသည်။

"ဒုတိယ အကို ၊ တတိယ အကို ဘယ်သွားမလို့လဲ" ထန်းမိုက ပေါ့ပေါ့ပါးပါး မေးသည်။

သူတို့ သူမကိုတွေ့တော့ အရမ်း‌ ပျော်ရွင်ပြီးစိတ်လှုပ်ရှားသွားကာ "မိုမို၊ ငါတို့က မင်းကိုလာခေါ်တော့မလို့။" ထန်ကျင်းရှန်းက သူမ ပုခုံးကိုဖက်ပြီး လှေကားထစ်တွေဆီ ခေါ်သွားလိုက်သည်။ "အပြင် လျောက်သွားကြရအောင်။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now