အခန်း ၂၁- တောင်းပန်မှု

3.4K 516 3
                                    

UNICODE

လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ကပဲ ထန်းမိုက ချင်မုယဲ့နှင့် ပေါင်းပြီး သူမဝမ်းကွဲကို အနိုင်ကျင့်နေသည်လို့ သူတွေးခဲ့တာဖြစ်သည်။ အခု ထန်းမိုရဲ့ သတိပေးမှုကြောင့် ယွမ်ကဲချင်က ထန်းမိုကို ချင်ညီအစ်မအနိုင်ကျင့်ဖို့ ကူညီပေးခဲ့တာ သူအမှတ်ရသွားသည်။

ဒါပေမယ့် ဝေကဲလီက ယွမ်ကဲချင်လုပ်တာကိုပဲတွေးမိကာ သူလုပ်တာကိုတော့ မတွေးမိပေ။

"ဘာလို့ ညီမရဲ့ဝမ်းကွဲက ထပ်ငိုလဲဆိုတာတော့ မသိဘူး" ထန်းမိုက သက်ပြင်းကျကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလာသည်။ "ညီမရဲ့ဝမ်းကွဲက အရမ်းငိုတာ ကိစ္စမရှိပါဘူး... ညီမက သူမထက် တစ်လပဲကြီးပေမယ့် သူမက ဝမ်းကွဲအစ်မလို့ခေါ်နေတော့လည်း သေချာပေါက် သည်းခံပေးရမှာပေါ့... ပုံမှန်ဆို သူမငိုတိုင်း သူမလုပ်ချင်တာ လုပ်ခွင့်ပေးပေမယ့် ဒီနေ့ကတော့ မတူဘူးလေ...သခင်မကြီးဝေရဲ့မွေးနေ့လေ... ဒီလိုဆက်ငိုနေရင် သူမက ဂြိုဟ်ဆိုးဖြစ်မှာ... ဘယ်လိုလုပ်ပြီး တခြားသူရဲ့မွေးနေ့မှာ ငိုနေရတာလဲ?"

"ဂြိုဟ်ဆိုး" ချင်မုယဲ့က သရော်လိုက်သည်။

ဝေကဲလီက ယွမ်ကဲချင်ကို ကြည့်လိုက်သည်။ ဒါက တကယ့်ကို မသင့်တော်တာပဲ....

"ညီမ မရည်ရွယ်ဘူး.." ယွမ်ကဲချင်က သနားစရာကောင်းစွာ ပြောလာ၏။

"ညီမရဲ့ ဝမ်းကွဲက ကိစ္စသေးသေးလေးနဲ့လည်း ငိုတတ်တာ ညီမသိပါတယ်" ထန်းမိုက ရှေ့သို့လျှောက်လာကာ ယွမ်ကဲချင်လက်ကို ယူလိုက်သည်။ "အစ်ကိုကဲလီ ညီမရဲ့ဝမ်းကွဲကို အစ်ကို့လက်ဆီအပ်လိုက်ပြီ... တစ်ခုလောက်ကူညီပေးပါနော် ဒီနေ့ည သူမ အဖော်လုပ်ပေးလိုက်ပါနော်"

"အစ်ကို ဒီကိုလာတာက...." 'အစ်ကို ဒီကိုလာတာက မိုမိုကိုတောင်းပန်ဖို့'

ဒါပေမယ့် ဝေကဲလီ စကားပြောလို့မပြီးခင်မှာ ထန်းမိုက ယွမ်ကဲချင်ရဲ့ လက်သေးသေးကို ဝေကဲလီလက်ထဲထည့်လိုက်သည်။ ဝေကဲလီကလည်း ကိုင်လိုက်သည်။

ထန်းမိုက ယွမ်ကဲချင်ကို ပြောလိုက်သည်။ "ကဲချင် ငါက နင့်ကို အပြစ်မတင်ပါဘူး... နင်မတောင်းပန်ရင်တောင်မှ နင့်ကို အပြစ်မတင်ဘူး..ငါတို့က မိသားစုတွေပဲလေ... နင်က ချင်ညီအစ်မဘက်က နေတာတောင် နင်က ငါ့ဝမ်းကွဲညီမမို့လို့ စိတ်မဆိုးရက်ပါဘူး... ငါငယ်ငယ်လေးထဲက နင်လိုချင်တာမှန်သမျှ ပေးခဲ့တာပဲလေ... ဒီတစ်ကြိမ်လည်း ခြွင်းချက်မရှိဘဲ ပေးတယ်လေနော်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now