အပိုင်း-၆၁ ထန်းမိုကို သူ့အိမ်ကိုခေါ်ချင်တယ်။

2.3K 340 4
                                    

Translator – HMM Editor - Aster

UNICODE

အခုတော့ သူမမိဘတွေနဲ့ အစ်ကိုတွေ အပြင် ခြွင်းချက်မရှိ ယုံကြည်နိုင်တဲ့ တခြားတစ်ယောက်ရှိပြီ ဖြစ်သည်။

ယွမ်ကဲချင် ငိုနေတာကိုမြင်လိုက်ရတော့ သူက ယွမ်ကဲချင် ဘာတွေဖြစ်နေလဲဆိုတာကိုတောင် တွေးတောဖို့တောင် မစဉ်းစားဘဲ သူမက ထန်းမိုကို အနိုင်ကျင့်ခဲ့သည်ဟု ယူဆရန် မတွန့်ဆုတ်ဘဲ ငိုနေတာပဲ ဖြစ်မယ်လို့ သူယူဆခဲ့သည်။

ဝေကျီချင်ကိုယုံကြည်နိုင်မှုက သူမမိသားစုထံမှ ရရှိသောယုံကြည်မှုထက် ပို၍ထူးခြားသည်။

ဘာလို့လဲဆိုတော့ ဝေကျီချင် က သူမနဲ့ ဘယ်လိုမှ မပတ်သက်၍သာ ဖြစ်သည်။ (Aster's Note _ မိသားစုမဟုတ်တဲ့ သူစိမ်းဆီက ယုံကြည်မှုကို ရတာမို့လို့ ပိုပြီး ထူးခြားတာကို ပြောချင်တာ)

ဒါကြောင့် သူ့ရဲ့ အဖိုးတန်တဲ့ ယုံကြည်မှုကိုပေးဖို့ မလိုအပ်သလို သူမအား‌ ယုံကြည်မှုပေး အကြောင်းပြချက်ကို လဲ သူမ မသိတော့ပေ။

ထန်းမိုသည် ဝေကျီချင်အား အံ့သြတကြီး ကြည့်နေမိသည်။

သူမသည် ယခင်က ဘာအမှားမှမလုပ်ဖူးဘူးလို့ထင်ခဲ့သော်လည်း ယခုအခါတွင် ဘာကြောင့်မှန်းမသိတဲ့ ဝမ်းနည်းကြေကွဲမှုများ ရုတ်တရက် ခံစားလာရသည်။

ဤအခိုက်အတန့်မှစ၍ သူမသည် ဝေကျီချင်အား သူမ၏ဘက်တော်သားအဖြစ် သတ်မှတ်လိုက်တော့သည်။

သူမအ‌ပေါ် သူလုပ်ပေးခဲ့တာတွေကို တွေးလိုက်ရတော့ သူမ ခံစားချက်တွေအားလုံးကို ထိန်းမထားနိုင်တော့ပေ။

"ဝါး!!!!!!..." ထန်းမိုက ကျယ်လောင်စွာ ငိုလိုက်ကာ ဝေကျီချင်၏ခြေထောက်ကို ပွေ့ဖက်ရင်း ပြောလိုက်သည်။ "အန်ကယ်‌လေး က ဘာလို့ ဒီကိုလာတာလဲ"

သူမအနိုင်ကျင့်ခံရတိုင်း သူဘာလို့ပေါ်လာတာလဲ????

အဖြေမရှိ.......

အမှန်တော့၊ သူတို့နှစ်ယောက်ဆုံပြီးကတည်းက ဝေကျီချင်ဟာ ထန်းမိုငိုတာကို တစ်ခါမှမမြင်ဖူးပေ။

အခုတော့ ကလေးမလေးက သူ့ခြေထောက်ကို ဖက်ပြီး ငိုနေ‌ လေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now