အခန်း ၃၂

4K 553 17
                                    

UNICODE

အပြစ်အတင်ခံရလို့ အကျိုးအမြတ်ကြီးကြီးသာရမယ်ဆိုလျှင် ယွမ်ကဲချင်က ဒီလိုအပြစ်တင်ခံရမှုမျိုးကို အကြိမ်အနည်းငယ်လောက် ခံစားဖို့ ဆန္ဒရှိသည်။

ရှုမင်းကျင်းက မဝင်လာချင်မှတော့ ရှုမင်းကျန်းလည်း ထပ်မပြောနေတော့ပေ။ ရှုမင်းကျင်း၏ များစွာသော တောင်းဆိုမှုက ရှုမင်းကျန်းကို စိတ်ရှုပ်လာစေသည်။

"မင်းကျင်း, နေရာရဖို့ကို ခဏထား... ကျီရှားအကယ်ဒမီရဲ့ ကျောင်းလခကို အရင်ပြောရအောင်...နင်တို့မိသားစုက တတ်နိုင်လို့လား?" ရှုမင်းကျန်းက ချက်ကောင်းကို ထိအောင်ပြောလိုက်သည်။ ကျီရှားအကယ်ဒမီရဲ့ ကျောင်းစရိတ်က မျက်ရည်ကျလောက်သည်အထိ ဈေးကြီးသည်။ ပိုက်ဆံရှိတယ်ဆိုတာနှင့် ထားနိုင်သည့် နေရာမဟုတ်ပေ။

ယွမ်ကျန်းဝမ်က ပိုက်ဆံအလုံအလောက်ဝင်နေသည့်အချိန်လည်းမဟုတ်ဘူးဖြစ်သည်။ ရှုမင်းကျန်းကတော့ ယွမ်ကျန်းဝမ်ကို အလုပ်ထုတ်လိုက်မိတာကို အရမ်းကံကောင်းသည်လို့ ခံစားမိနေသည်။

"အခု သူက စီးပွါးရေးစနေတယ်...နင်လည်း ပိုက်ဆံတွေအများကြီး ရင်းနှီးထားရတာ... ကျီရှားအကယ်ဒမီကို ဝင်ဖို့အတွက် ငွေအများကြီးရင်းရမှာ" ရှုမင်းကျန်းက စိတ်ရှည်စွာ ရှင်းပြနေသည်။ "ဖိအားအရမ်းများမှာ...ပြီးတော့ စီးပွါးရေးတစ်ခုစပြီဆိုတာနဲ့ အထူးသဖြင့် ကနဦးအချိန်ဆို ငွေတွေက အများကြီးရင်းထားရတယ်... အချိန်ကျလာလို့ ပိုက်ဆံလိုလာပြီ ကျီရှားအကယ်ဒမီကိုပဲ အဲ့ပိုက်ဆံတွေပဲ သွင်းရမယ်ဆို နင်ဘယ်လိုလုပ်မလဲ? နင်တခြားအရာတွေ မပြောခင်မှာ နင့်ဝင်ငွေက တည်ငြိမ်လားဆိုတာကို နင်အရင်စဉ်းစားသင့်တယ်"

ရှုမင်းကျင်းက တုန့်ဆိုင်းသွားသည်။ ရှုမင်းကျန်းရဲ့စကားတွေက အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် သူမ လက်လျှော့လိုက်ပြီး စိတ်မပါဖြစ်နေသည့် ယွမ်ကဲချင်နှင့်အတူပြန်သွားသည်။

*****

ထန်းကျင်းချီက အေးစက်စွာပြောလာသည်။ "သူတို့ကအရမ်းလောဘကြီးတယ်...မိုမိုမှာဘာပဲရှိရှိ သူတို့လည်း လိုချင်တယ်... ဘာလို့ ကောင်းကင်ဘုံပဲ မသွားလိုက်လဲ?"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now