အပိုင်း ၇၀: ဝေကျီချင် ဒဏ်ရာရခြင်း

1.8K 240 0
                                    

UNICODE

Translator- HMM Editor- Aster

ထန်းမိုက ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး။

ယွမ်ကဲချင် တွေးနေရင်းနဲ့ အိမ်တော်ထိန်းကျိုးဖုန်းပြောနေတာကို ရုတ်တရက် ကြားလိုက်ရသည်။
"သခင်လေး ဝေ ဘယ်လိုနေသေးလဲ"
"ကောင်းပြီ ငါနားလည်ပြီ။"

ယွမ်ကဲချင် သည် ကမန်းကတန်း ပုန်းနေပြီး ရှာမတွေ့ရန် သတိထားလိုက်သည်။

ရှုမင်ကျန်း က စိုးရိမ်တကြီးဖြင့် "သခင်လေးဝေ တစ်ခုခုဖြစ်လို့လား။"

အိမ်တော်ထိန်းကျိုးက အမှန်တရားကို ဖုံးကွယ်မထားဘဲ "သခင်လေး ဒဏ်ရာ ရထားလို့ ဆေးရုံတက်နေရပါတယ်။ ကျွန်တော်သွားရမယ်"

"ဒါဆို မြန်မြန်သွားလိုက်!" သူမက မြန်မြန်ဆန်ဆန်ဖြင့် ပြောလိုက်သည်။ "မိုမို စာမေးပွဲပြီးတာနဲ့ ကျွန်မ ချက်ချင်း သူမကို ခေါ်လာမယ်"

အိမ်တော်ထိန်းကျိုးသည် ရှုမင်ကျန်း၏သဘောထားကို စိတ်ထဲတွင် ကြိတ်ပြီးသဘောတူမိသည်။ ဝေကျီချင်သည် ထန်းမိုကို အလိုလိုက်တာ အလကားမဖြစ်ဘူးပဲ။

"အလျင်စလိုလုပ်စရာမလိုပါဘူး" သူက က ယဉ်ကျေးစွာဖြင့် ပြောလာသည်။ "ခွဲစိတ်ခန်းထဲမ၀င်ခင်မှာ သခင်လေးဝေက စာမေးပွဲမပြီးခင် မစ္စမိုမို စိတ်အနှောင့်အယှက်ဖြစ်ပြီး တစ်ခုခု ဖြစ်သွားမှာစိုးလို့ မပြောပြဖို့ သေချာကိုပြောထားတာ။ ဒါကြောင့်သူမကို ပြောပြဖို့ စာမေးပွဲပြီးတဲ့အထိ စောင့်ရမယ်"

"သခင်လေး ဝေ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာတောင် ထန်းမိုကို သူ သတိရသေးတာပဲ" ရှုမင်ကျန်းက အရမ်းကို တုန်လှုပ်ခံစားလိုက်ရတော့သည်။

သူက ခွဲစိတ်ခန်းထဲ ရောက်နေပြီဆိုတော့ ဒဏ်ရာက ဘယ်လိုမှ မနည်းလောက်ဘူး။
ရှုမင်ကျန်းက ကူကယ်ရာမဲ့စွာဖြင့် စိတ်ပူနေသည်။ "အိမ်တော်ထိန်းကျိုး၊ ရှင် ဒီက ကိစ္စကို စိတ်ပူနေစရာမလိုပါဘူး။ သခင်လေးဝေကို သွားကြည့်ပြီး အဆင်ပြေမယ်ဆိုရင် သခင်လေး ဝေရဲ့ အခြေအနေကို ပြောပြပေးပါလား"

"ကောင်းပါပြီ။" မစ္စတာကျိုးက သဘောတူသည်။ ထို့နောက် ကားမောင်းသူနှင့် လက်ထောက်ကို ကားမှမဆင်းမီ ထန်းမိုအား မပြောရန် သတိပေးခဲ့သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now